Part 3

13.3K 1.3K 58
                                    

ဆောင်းအဦးမို့ မြင်လေရာ မြူထချိန်တွင် အိပ်ရာပေါ်မှာ စိတ်ကြိုက်မခွေခေါက်နိုင်သူက ကျွန်တော်ပင် ဖြစ်သည်။ မနေ့ညကတည်းက Master degree အတွက် Thesis title တင်ရတော့မှာမို့ ဘယ်လိုအကြောင်းအရာက ကျွန်တော်နှင့် နီးစပ်နိုင်မည်လဲဟု တွေးရင်း ညည့်နက်မှ အိပ်ပျော်သည့်အတွက် ခေါင်းက ခပ်အုံတုံအုံတုံ..။

နဂိုကတည်းက စာနဲ့ပတ်သက်ရင် stress မငြိတတ်သူပီပီ semester စကတည်းက သူများတွေ ခေါင်းစဉ်‌‌ရွေးပြီး ကြ၊ စာကြမ်း ပြင်ဆင်ပြီးဖြစ်ပေမယ့် အခုအချိန်အထိ ဘာမှ မပြင်ဆင်ရသေးသူကတော့ ကျွန်တော်တစ်ယောက် တည်းသာ ရှိမည်ထင်သည်။

မနေ့က နေ့လည် အတန်းချိန်မှာ Professor ကThesis title နဲ့ ပြင်ဆင်ထားတာတွေ ပြဖို့ပြောကာမှ ကျွန်တော့်မှာ ဘာဆို ဘာမှမရှိ။ laptop ထဲမှာလည်း ဗလာနတ္တိ၊ ခေါင်းစဉ်ပင် မရွေးရသေးသော ကျွန်တော့်အဖို့မှာတော့ အခုမှ တိုင်တွေပတ်နေတာပင်။

မနက်စောစောကတည်းက laptop Screen ကိုပေါက်ထွက်မတတ် စိုက်ကြည့်ရင်း ဟိုဟိုဒီဒီ လိုက်ဖတ် ကြည့်နေ ပေမယ့် ကောင်းနိုးရာရာက အခုထိ မတွေ့တတ်သေး။

ဟူး...

သက်ပြင်းချရင်း လေပူတွေကို မှုတ်ထုတ်လိုက်တော့ အခန်းဝန်းကျင်တောင် မှိုင်းလာသလို၊ Byun Baekhyun ... Byun Baekhyun... ပျင်းဦးလေ အစောကြီးကတည်းက လုပ်လို့ရရဲ့သားနဲ့ အားချိန်တိုင်း London ကိုပဲ လစ်,လစ် နေတာ.. အခုတော့ အပူသည်ရုပ် ဖြစ်နေပြီလေ။

Ting . Tong.. Ting Tong...

အခန်းတံခါး ဘဲလ်တီးသံမို့ ထဖွင့်လိုက်တော့ နွားနို့တစ်ဗူးနဲ့ သတင်းစာတစ်စောင်, တံခါး အဝမှာ ချထားသည်မို့ ယူလာခဲ့လိုက်သည်။

အဆာပြေ Breakfast စားရင်း စိတ်ပြေလက်ပျောက် သတင်းစာခဏဖတ်ဖို့ စဉ်းစားလိုက်သည်။ တကယ်တော့ ကျွန်တော် သတင်းစာဖတ်တယ် ဆိုတာကလည်း အကုန်အစအဆုံး သတင်းအစုံ လိုက်ဖတ်နေတာမျိုးတော့ မဟုတ်၊ ဟိုလှန်ဒီလှန်လုပ်ရင်း စိတ်ဝင်စားတဲ့ သတင်းမှ ကောက်ဖတ်တတ်တာမျိုး...။

ထုံးစံအတိုင်း သတင်းစာဆိုမှတော့ ဆွဲဆောင်မှုရှိသည့် သတင်းကတော့မပါ၊ ဒီတိုင်း အမေရိကန်နိုင်ငံ၏ တိုင်းရေး ပြည်ရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် သတင်းခေါင်းစဉ်များအပြင် မြို့ထဲက Activities တွေ.. စသည်. စသည်... ခေါင်းစဉ်တွေကို မြင်ရုံနှင့်ပင် အပျင်းတစ်ကာ ဆက်ကိုမဖတ်ချင်တော့။

Opposite ParallelOnde histórias criam vida. Descubra agora