Part 17

7.8K 855 259
                                    

••••••••••

'အနားမှာ နေချင်လို့ပြန်လာတာဆို. နေချင်တယ်ဆို ကျွန်တော့်ကို ပြန်ပို့ပေးပါ'

'ငယ်.. ဘယ်လို ပြောလိုက်တယ်'

သူ့မျက်နှာပေါ်မှာ အကြီးအကျယ် ပြောင်းလဲသွားတဲ့ မျက်နှာရိပ်နဲ့ တုံ့ပြန်မှု အပြောင်းအလဲကို ဖတ်ကြည့်ရင်း ဒီ စကားဟာ အတော်ပဲ ခရီးပေါက်သွားတယ် ဆိုတာ သိလိုက်ရသည်။ သူ ပွေ့ဖက်ထားသော လက်တွေထဲမှ ရုန်း ထွက်လိုက်ရင်း သူတည်ရှိရာနဲ့ ခပ်လှမ်းလှမ်းထိ လမ်းလျှောက်သွားလိုက်သည်။ အခုအချိန်ထိ တုန်ယင်နေဆဲ ရင် ဘတ်အစုံက နှလုံးသွေးတိုးသံရယ်၊ လမ်းလျှောက်လိုက်တိုင်း အနည်းငယ် ခွင်ချင်သလို ဖြစ်နေတဲ့ ခြေထောက် တွေကို ဂရုမထားရင်းနဲ့ အောင့်ထားသော အသက်ကို ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ရသည်။

'ငယ်..'

'အေးဆေး ဆွေးနွေးရအောင်လေ၊ ခင်ဗျားလည်း စိတ်အရမ်း မလှုပ်ရှားပဲနဲ့...'

သူ ရပ်နေရာ ခပ်လှမ်းလှမ်းမှ ကျွန်တော်ရပ်နေရာဆီ လှမ်းလာရင်း လူတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမှာ မြှုပ်ဝင်သွား တဲ့အထိ တင်းတင်းကြပ်ကြပ်ကြီး ဖက်ပွေ့လာပြန်သည်။ သူ့ကိုယ်နံ့ နီးလာတော့ အသက်ရှုတောင်အောင့်လိုက်မိ သလိုပဲ။

'ငယ့်ကို ကိုယ်ဘယ်လောက် လွမ်းနေခဲ့လဲ သိလား? ကိုယ်.. ကိုယ်.. ကိုယ်ကလေ..ကိုယ် ဘယ်လောက်ကြိုးစား ကြိုးစား. မင်းကို ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ဘူး ထင်နေခဲ့တာ၊ ကိုယ် ဘယ်လောက်ထိ...'

အနိမ့်အမြင့် အတက်အကျမညီညာသော အသံလှိုင်းတွေဖြင့် ပြောရင်းနဲ့ ကျဆင်းလာသော သူ့မျက်ရည်စတို့ ကြောင့် ကျွန်တော်ကိုယ်တိုင် မလှုပ်မရှားနိုင်ပဲ ငူငူကြီး စိုက်ကြည့်နေမိသည်။ ဖက်ထားသော လက်ချောင်းတွေက လည်ပင်းနားတစ်ဝိုက်ကို ရောက်လာတယ်လို့ခံစားမိပြီးတဲ့နောက်မှာ သူ့နှာခေါင်းက ကျွန်တော့်နားရွက်နောက်နား ကနေ လည်ပင်းနားဆီ ထိလာတာ ခံစားလာမိသည်။ ကျွန်တော့်နှုတ်ခမ်းတွေရော လက်တွေရော တဆတ်ဆတ် တုန်လာပြီး မျက်ဝန်းတွေရောပါ ပြာချင်သလိုလို ဖြစ်လာသည်။

Opposite Parallelحيث تعيش القصص. اكتشف الآن