Part 12

12.9K 1.4K 204
                                        

မျက်ခွံပေါ်မှ ပူစပ်စပ် ပူဖျင်းဖျင်း ခံစားချက်ကြောင့် ငေါက်ခနဲ ထထိုင်မိတော့ အရင်ဆုံး သိလိုက်တာက လက်မောင်းက နာကျင်မှု ။

မျက်လုံးဆီသာမက တစ်ကိုယ်လုံးနီးပါး ပျံကျနေသော နေရောင်စူးစူးက မူးနောက်နောက်ခေါင်းကို အနည်းငယ် ကြည်လင်စေ သည်။

ညာဘက်လက်မောင်းရင်းကို ဆုပ်ကိုင်ရင်း မနေ့ညက ဒီလက်ကိုပင် ခေါင်းအုံးအိပ်စက်ခဲ့မိတာ သတိရလာသည်။ အာရုံအသိနွေးနွေး နှင့်အတူ ဘေးဘက်ကို စောင်းငဲ့ကြည့်တော့ ထူထဲတောင့်တင်းသော ကိုယ်ထည်တစ်ခု...။

အနားသို့ တိုးသီရင်း နဖူးပြင်ကျယ်ဆီ လက်ဖဝါးတင်မိတော့ ပူကျစ်နေသော အတွေ့ကြောင့် အလန့်တကြား လက် ကို ပြန်ရုတ် ယူလိုက်ရသည်။ ခြောက်သွေ့ပြာနှမ်းနေသော နှုတ်ခမ်းထူထူတို့က အတန်ငယ်ပွင့်ဟလျက် ကြုံ့ မှောင်ထားသော မျက်ခုံးတို့က ပြင်းထန်သော အဖျားရောဂါကို ခံစားနေရမှန်း သိသာစေသည်။

ခါးနားဆီထိ လျှောကျနေသော စောင်တွေကို ရင်ဘတ်လုံအောင် ဆွဲခြုံပေးရင်း ထရပ်လိုက်တော့ အိပ်ရာဘေးနား က မီးလင်းဖိုက မီးသေနေတာ သတိပြုမိသွားသည်။ နေရောင်လင်းနေတာမို့ အရမ်းတော့မလိုပေမယ့် မီးထပ်မွှေး လိုက်ပြီး ဒီ့ထက်ပိုပြီး အခန်းကို နွေးနေအောင် ပြုလိုက်သည်။

'ငယ်...ငယ်......မသွား...ပါ. နဲ့.. ကွာ...'

တိုးညှင်းညှင်း ကယောင်ကတမ်း အသံကြောင့် အနားတိုးသွားမိတော့ အသံက တကယ့်ကို မသဲမကွဲ. ဗလုံးဗထွေး။ ကိုယ်ကို အနည်းငယ် ကိုင်းချရင်း သူ့နှုတ်ခမ်းတွေနား နားကပ်ကြည့်မိတော့...

'...ငယ်....... ငယ်..........'

အော် ခင်ဗျားရယ်.. ဝဋ်ကြီးလိုက်တာ.. ဒီလောက် သေမလို ဖြစ်နေတာတောင် စိတ်မဖြောင့်နိုင်တဲ့ သူမျိုးပါလား...

စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရင်း သူ့ကို သေချာကြည့်မိတော့လည်း နိုးပုံမရသေးတာမို့ စားဖို့တစ်ခုခု ပြင် ဆင်ဖို့ မီးဖိုချောင်ထဲ ကျွန်တော်သွားလိုက်သည်။

စားစရာ ဘာရှိလဲ လို့ လှန်လှော ရှာကြည့်တော့ ဆန်အနည်းငယ်က လွဲပြီး တကယ်ကို ဘာမှ မရှိတော့.။ မနေ့ည က အရမ်းမှောင်နေတာနဲ့ ကျွန်တော် သေချာမကြည့်မိပေမယ့် အခု သေချာ ရှာ ကြည့်တော့ စားဖို့သောက်ဖို့ကို အဆင်မပြေ၊ သောက်စရာရေတောင် သူ ထည့်ပေးထားတဲ့ ဘူးကြီးထဲမှာ ဖင်ကပ်သာသာမျှ ကျန်တော့သည်။

Opposite ParallelWhere stories live. Discover now