မနေ့က ထိုသူနှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။ သူငယ်ချင်းဆိုတာ ကျွန်တော့်ဘက်က တစ်ဖက်သတ် သူငယ်ချင်း လုပ် ခဲ့မိတာလား တော့မသိ။
သူ့နာမည်နဲ့ ပြန်ခါနီး စကားလေးတစ်ခွန်းကလွဲပြီး ဘာဆိုဘာမှ မပြောလိုက်သည်ကို ကျွန်တော် ပြန်လာမှ မှတ်မှတ်ရရ စဉ်းစားမိသည်။
သူပြောလိုက်သည့် စကားတစ်ခွန်းရဲ့ အဓိပ္ပါယ်ကိုဘာနဲ့ ဆက်စပ်ပြီး ပြောလဲ ကျွန်တော် တကယ် နားမလည်လှ။ တော်,တော် စကားနည်းလှသည့် လူကြီးပဲ။
ထိုသူ၏ နာမည်က Park Chanyeol တဲ့, ကျွန်တော်သိခဲ့တဲ့ တစ်ခုတည်းသော သူ့ အကြောင်း..။
ဟိုတစ်ပတ် စနေနေ့က ပြန်ခါနီး မနက်ဖြန် လာခဲ့မည်ဟု Park Chanyeol ကိုရော ဝန်ထမ်းဦးလေးကြီးကိုပါ ပြော ခဲ့ပေမယ့် တနင်္ဂနွေနေ့က ကျွန်တော် မရောက်သွား ဖြစ်ခဲ့ပါ။
ပြန်လာတုန်းက ဘာမှမဖြစ်ပေမယ့် ညကျမှ နဖူးကွဲတဲ့ ဒဏ်ရာက ကိုက်လာပြီး အဖျားတွေ ဒိုင်းခနဲ ထိုးတက်လာ လို့ ကျွန်တော် နောက်နေ့ မသွားနိုင်တော့တာ ဖြစ်သည်။
ထိုအဖျား၏ အကျိုးဆက်အားဖြင့် ကျောင်းသုံးရက် ပျက်သွားကာ ချစ်သူလေး၏ ပြုစုယုယမှု တွေကို အမြတ် ရ လိုက်လေသည်။
ဖျားတဲ့ ညကတည်းက တအီအီ ညည်းနေတာမို့ အဲ့ညကတည်းက သူမက London ကနေ ချက်ချင်းဆင်းလာခဲ့ တာ၊ ဖျားနေတဲ့ရက်အတောအတွင်း မနားမနေ ကျွန်တော် ဂျီကျသမျှ သည်းခံပြီး အဖျားလုံးလုံး ပျောက်သွားပြီဆို မှပဲ ပြန်သွားတာ ဖြစ်သည်။
ထိုနဖူးက ဒဏ်ရာကိုတော့ ဘတ်စ်ကားစီးရင်းပဲ Accident ဖြစ်သလို ဘာလိုလို ပြောတော့ အစ က ရစ်နေသေးပေ မယ့် နောက်တော့ ကျွန်တော် နေမကောင်းနေလို့ပဲ မရစ်ချင်သည်လား မသိ၊ ဆက်မမေးတော့ပေမယ့် သူမလေး အရမ်းစိတ်ပူနေတာကို လိမ်ရတာ ရင်တွေပင် နာလှသည်။
လွယ်ထားသော ကျောပိုးအိတ် အပြာရင့်ရင့်လေးကို နှစ်ဖက်လွယ်ထားရာမှ ပုခုံးတစ်ဖက်တည်း ပြောင်းလွယ် လိုက်ရင်း Prison ဝင်းထဲမှာ ကျီးကန်းတောင်းမှောက် လိုက်ကြည့်လိုက်သည်။
ဘယ်သူမှလည်း မတွေ့တာမို့ ရုံးခန်းကို သွားလိုက်ပြီး ထောင်မှုးကြီးကို သွားနှုတ်ဆက်သည်။ ထောင်မှူး လက်ထောက်ဝန်ထမ်းကို ဖျားသွားလို့ ကျွန်တော် မလာနိုင်ကြောင်း ပြောတော့ သူလည်း အဲ့လို ဖြစ်လိမ့်မည်ဟု ထင်ကြောင်း ပြောသည်။