အိပ်နေကျ သံခုတင်ရဲ့ ဘေးဘက်နံရံမှာ ဓါးနဲ့ ထွင်းထားတဲ့ အကြောင်းစင်းလိုက်လေးတွေကို သူ့လက်နဲ့ ဖွဖွ ထိ ကြည့်မိသည်။
တစ်ခု... နှစ်ခု... သုံးခု ............. ခုနှစ်ခု , ရှစ်ခု
ခပ်ကြမ်းကြမ်း အထစ်ထစ် ဖြစ်နေသော ကျောက်သား မျက်နှာပြင်ရဲ့ အတွေ့က ထင်ထားတာထက် သူ့ကို နွမ်းလျ စေသည်။ ကလေးငယ် ရောက်လာနေကျဖြစ်ပြီး ရောက်မလာတဲ့ နေ့ရက်တစ်ရက်စီတိုင်းကို မှတ်ခြစ်ထားခဲ့တာ။
သူ အဘယ်မျှ လွမ်းဆွတ်နေသည်ဟု ပြောလျှင် ထိုကလေးငယ် ယုံနိုင်ပါမည်လား?
ရောက်မလာသော အချိန်ကာလအတွင်းမှာ သူ ကြိုတင်မတွေးထားမိသော မခန့်မှန်းနိုင်သော အဖြစ်အပျက် အကြောင်းအရာတို့ ကလေးငယ်ဆီမှာ ရှိနေကောင်း ရှိနေနိုင်ပါသည်။
ထိုကလေးနှင့်ပတ်သက်သော ဆက်သွယ်စရာ ဖုန်းနံပါတ်၊ လိပ်စာ တစ်ခုမှ မသိသည်မှာလည်း သူ၏ ညံ့ဖျင်းလွန်း လှသော နှုတ်နည်းမှုကြောင့်လည်း ဖြစ်သည်။
ဒါပေမယ့် စနေ၊ တနင်္ဂနွေတိုင်းမှာ ကလေး အမြဲ သူ့ရှေ့ ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားခဲ့ဖူးတာ၊ ဒီတိုင်း သာ မျက်နှာလေးကို မြင်ခွင့်မရတော့လျှင်၊ အသံသာသာလေးကို နားဆင်ခွင့် မရတော့လျှင်...သူ နေနိုင်မည်မထင်။
ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်ကာ မြင်နေရသော A2 Building တွေ ရှိရာဆီ ခပ်သွက်သွက် ပြေးသွား လိုက်သည်။
Building ရဲ့ အစွန်ဆုံးဘက်မှာရှိတဲ့ Prison cell တွေ ရှိရာဆီကို ရောက်သွားတော့ မြင်နေကျလို အပေါက်ဝမှာ လူလေးငါးယောက် ပြုံရပ်နေကြသည်။ ထိုလူအုပ်ထဲမှ ပြောင်နေအောင်ရိတ်ထားသော ကတုံးပေါ်မှာ နဂါးပုံ တက်တူးထိုးထားသော လူက သူ့ကို မြင်မြင်ချင်း ရှေ့ထွက်လာသည် ။
'Cigarette? Cocaine? Heroine?'
ထိုသူ့ကို ဘာမှ ပြန်မပြောပဲ prison cell ထဲကို လှမ်းကြည့်တော့...
'Master မအားဘူး အလုပ်ရှုပ်နေတယ်'
အထဲကို အတင်းတိုးဝင်မည်ပြင်တော့ အဝက လူတွေကို အတင်းဆွဲထားကြတာမို့ အပေါက်ဝမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။