Part 2

18.4K 1.8K 173
                                        

Social Science အချိန်မကုန်ခင် ၁၅ မိနစ်လောက်မှာ မြည်လာသော ဖုန်းသံကြောင့် ရှေ့က စာသင်နေသော Professor ကို အားနာသွားရသည်။ ကျွန်တော်ကလည်း မေ့ပြီး အသံပိတ် မထားမိလိုက်တာဆိုတော့..။

Reject button ကို သွက်သွက်နှိပ်လိုက်ပြီး ဘာရယ်မဟုတ် Professor ကို ရယ်ပြမိလိုက်သည်။ Professor က တော့ သူ့ကို အာရုံမရပဲ ပြောလက်စ lecture ကိုသာ ဆက်ပြောနေသည်။ နောက် (၁၅) မိနစ်လောက်နေတော့ စာသင်ချိန်ပြီးသွားတာမို့ ကျောပိုးအိတ်လွယ်ကာ အပြင်ထွက်လိုက်ရင်း ဖုန်းကို ပွတ်ရင်း Call log ကို ပြန်စစ်လိုက် သည်။

ဖုန်းကတော့ unknown number, ကြည့်ရတာတော့ ရုံးဖုန်းဖြစ်ပုံပေါ်တာမို့ ကျွန်တော် ပြန်ခေါ်လိုက်သည်။

တီ .. တီ.. တီ...

'လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က ကျွန်တော့်ဖုန်းကို ခေါ်ထားလို့ပါ၊ ကျွန်တော် အတန်းထဲ ရောက်နေတာနဲ့...'

'အော် Byun Baekhyun ဆိုတဲ့ကျောင်းသားလား?'

'ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲ မသိဘူး'

'ကျောင်းသားကောင်စီကပါ၊ Sing Sing ကိုသွားမဲ့ program မှာ နာမည်စာရင်းလာပေး ထားလို့ ဖုန်းဆက်တာပါ၊ ဒီအပတ် စနေနေ့ မနက် ၅နာရီခွဲ library ရှေ့မှာ သွားမယ့်ကားတွေ ရပ်ထားပါမယ်၊ စထွက်ချိန်ကတော့ ၆း၀၀ ပါ'

'အာ ဟုတ်ကဲ့ သိပါပြီ၊ ကျေးဇူးပါ'

တစ်ဘက်က ဖုန်းချသွားပြီမို့ ဖုန်းကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။ ဘာလား မနက် (၅) နာရီခွဲတဲ့၊ ကျောင်း ပိတ်ရက်မှာ အိပ်ကောင်းခြင်းမအိပ်ရ၊ ငါကိုယ်က လျှာရှည်မိတာ ဟူး...

လက်ထဲက ဖုန်းRingtone သံကြောင့် ဖုန်းကို ပြန်ဖြေလိုက်ရင်း ကျွန်တော့်နှုတ်ခမ်းတို့ ကွေးညွှတ်သွားမိသည်။ ကျွန်တော် ဝန်မခံပေမယ့် ကျွန်တော့်ရင်ထဲက သံယောဇဉ်ကို ကျွန်တော် သိတယ်။

သူမအသံကို ကြားရရင် သူမကို ဘယ်လောက် ပြေး,ပြေးတွေ့ချင်တယ်ဆိုတာ၊ သူမအပြုံးတွေကို မြင်ရင် သူမ
နှုတ်ခမ်းတွေကို ဘယ်လောက် နမ်းရှိုက်ချင်တယ်ဆိုတာ၊ ဘယ်သူမှ မသိဘူး၊ ကျွန်တော်ပဲ သိတယ်...

Opposite ParallelWhere stories live. Discover now