•chapter-1•

5.1K 233 3
                                    

{Unicode}

ငါအသက်မရှင်ချင်သလို သေလဲမသေချင်ဘူး။
ငါ့ဘ၀ကြီးက ‌သေမထူးနေမထူးလို့ပြောရမလား။
ရွေပေါ်မြတင်ငါ့လိုသခင်လေးအတွက်
ဘာတွေကများဒီလောက်ခက်ခဲနေလို့လဲ...
ဘာတွေကများ ငါ့ကိုစိတ်ဆင်းရဲအောင်
လုပ်နေတာလဲ...ငါသေချာမသိဘူး။
ငါသိတာ ငါ့ဘ၀ငါပိုင်ချင်ရုံလေးပါ။
ဘယ်လိုနေဘယ်လိုထိုင်ပြောမယ့်သူတွေ
မရှိမယ့်ရိုးရိုးရှင်းရှင်းဘ၀လေးပေါ့။

-royal camillia-

"ဟင်း..."

တခြားသူတွေတော့မသိပေမယ့်
ထယ်ယောင်းရဲ့မနက်ခင်းလေးကတော့
သက်ပြင်းရှည်တစ်ခုနှင့်စသည်။
သူ့ခမျာကြာကြာတွေးတောစိတ်ညစ်ချိန်တောင်
မရှိရှာပါလေ။မနက်၇နာရီဆိုထမင်းစားဝိုင်းမှာ
အသင့်ရှိနေရမည်ဟူသော ဖေဖေ့ရာဇသံကြောင့်
ကုန်းရုံးထကာ မျက်နှာသစ်သွားတိုက်ခြင်းတို့ကို
စတင်လေသည်။

အသန့်ကြိုက်တဲ့ထယ်ယောင်းမှာ
စောစောစီးစီးပင်ရေချိူးလို့
အောက်ဆင်းလာသည်။
ထမင်းဝိုင်းလေးကတော့ ထုံးစံတိုင်း
အေးစက်လျက်။

"စောင့်နေစေမိလို့ တောင်းပန်ပါတယ်"

"နောက်မဖြစ်စေနဲ့ ထိုင်တော့"

‌အဖေဖြစ်သူ၏ခပ်တင်းတင်းစကားသံ။
ထယ်ယောင်းလဲသက်ပြင်းဖွဖွလေးချလို့
၀င်ထိုင်လိုက်သည်။ဇွန်းသံခရင်းသံ
တိုးတိုးလေးပင် ကျယ်လောင်‌စွာပေါ်ထွက်
နေရလောက်တဲ့အထိမနက်စာစားချိန်ဟာ
တိတ်ဆိတ်လို့နေပါသည်။
ဒါဟာအဆန်‌းတော့မဟုတ်ပေ။

"ထယ်ယောင်း"

"ဟုတ်ကဲ့ ဖေဖေ"

"မင်း ဘူဆန်ကိုပြောင်းရမယ်"

"ဗျာ.."

ခုနကလို အေးစက်စက်အခြေနေသာ
ပြန်လိုချင်တော့သည်။ဖေဖေဟာလုပ်လိုက်ရင်
ဘယ်တော့မှ မပြောမဆို၊သူ့သဘောအတိုင်းပဲ။
ထွေထွေထူးထူး‌တော့ မအံ့သြမိတော့။

"ငြင်းဖို့မစဉ်းစားနဲ့ ငြင်းလို့မရတာလဲ
သိတယ်မလား"

"ဟုတ်ကဲ့ နားလည်ပါပြီ"

ဘာကြောင့်လဲတော့ထပ်မမေးဖြစ်တော့ချေ။
သိချင်စိတ်လဲမရှိသလို စကားလဲထပ်မပြောချင်။

royal camellia | taekook [com]Where stories live. Discover now