နေရောင်ခြည်စူးစူးကြောင့်
ထယ်ယောင်းမျက်စိကြိမ်းကာနိုးလာခဲ့သည်။
ဘေးနားကအမူးသမားကတော့ ညက
ရေချိန်ကိုက်သွားသည်ထင်၊မနိုးသေး။တစ်ကုတင်တည်းအိပ်တာက
ပုံမုန်လိုတောင်ဖြစ်နေပြီဆိုသော်ငြား
သူတို့အဆင့်မတက်သေးပါ။
နှစ်ယောက်လုံးအသက်မပြည့်သေးသည့်
အပြင် ဂျောင်ကုကထယ်ယောင်းအပေါ်
တအားတန်ဖိုးထားလွန်းပါသည်။တော်၀င်ပန်းလေးကိုမခြွေရက်သေးပါ။
လူတွေအများကြီးရှေ့ သူ့အပိုင်လေးဟု
မသတ်မှတ်နိုင်ခင်အထိ ဒီပန်းလေးကို
မခြွေချင်ပါ။တော်၀င်ပန်းလေးရဲ့
တန်ဖိုးကိုသာမြှင့်တင်ပေးချင်သူပင်။ထယ်ယောင်းလဲဂျောင်ကု၏သူ့အပေါ်
တန်ဖိုးထားမှုတွေကိုမြင်ပါသည်။
ဒါကြောင့်ဒီလူသားကိုအချစ်ပိုရသည်မလား။
ပုံမှန်ချိန်ဆို ထယ်ယောင်းကရှက်တတ်လွန်းလို့
ဂျောင်ကုအိပ်ပျော်နေတဲ့အချိန်သာ
မျက်နှာချောချောကို တစ်၀ကြီးငေးပစ်သည်။
ပုံမှန်အချိန်ဒီလိုသွားငေးကြည့်ပါလား။
မျောက်အုန်းသီးရတဲ့မျက်နှာကို
လူကိုစလိုက်မယ့်ဖြစ်ချင်း။ရင်နင့်အောင်ပေမယ့် တခါတလေတော့့လဲ
ကိုင်ပေါက်ချင်မိသည်။အားချင်းမမျှလို့သာ။"အိပ်နေတာလေးကိုကြည့်ပါအုံး
ကလေးရုပ်လေးနဲ့...မသိတဲ့လူသာဆို
ဖြူဖြူစင်စင်လေးထင်နေမယ်
တကယ်တမ်း လူမိုက်ကောင် ဟွန့်
အမူးသမား..လူကိုစိတ်ပူအောင်သိပ်လုပ်တာပဲ"ထယ်ယောင်းရဲ့တစ်ဖက်သတ်
စိတ်ကောက်မှုကိုတော့ အိပ်မောကျနေတဲ့
ဂျောင်ကုမသိရှာပါ။အမူးသမားအတွက် အမူးပြေဟင်းချိုလေး
လုပ်ပေးချင်တာမို့ ထယ်ယောင်းထကာ
မနက်တိုင်းပြုလုပ်နေကျ မျက်နှာသစ်၊
သွားတိုက်တို့ကိုပြုကာ apronလေး
ကောက်၀တ်လိုက်သည်။
သူ့လက်ရာကအကောင်းကြီးမဟုတ်ပေမယ့်
အလယ်တန်းလောက်ထဲက
အိမ်တော်ထိန်းအန်တီကြီးရဲ့သင်ပြမှုကြောင့်
စားကောင်းတာထက်တော့ပိုသည်။'ဟင်းချိုကြီးပဲဆို သူဗိုက်ဆာနေတော့မှာ
ကြက်ဥလိပ်လေးပါထပ်လုပ်မှပဲ'