•ကျောင်နားကcafeကိုထွက်ခဲ့•
စာကြည့်နေတုန်း၀င်လာတဲ့
Messageကြောင့်ဖွင့်ကြည့်မိတော့
ယွန်းဂီဆီကစာပင်။သွားလို့ဖြစ်ပါ့မလား။
ဘာပဲဖြစ်ဖြစ်သွားလိုက်မည်။
အပြတ်ရှင်းစရာရှိတာလဲရှင်းရင်း၊
ကိုယ်လဲmove onလုပ်လို့ရတာပေါ့။-royal camellia-
မတွေ့ရတာရက်ပိုင်းအတွင်း
ပါးဖောင်းဖောင်းလေးပိန်သွားသလို။
ဘာလို့စာတွေအရမ်းလုပ်နေတာလဲ
အသေးလေးရဲ့။အချိန်တန်
Min Groupဆက်ခံသူနဲ့ငြားမှာပဲဟာ။"ဘာလို့ထိုင်ကြည့်နေတာလဲ
ထိုင်ကြည့်ဖို့ခေါ်တာဆိုရင်တော့
ကျွန်တော်ပြန်တော့မယ်"ဒီလောက်ရင့်သီးနေပုံအရ
ထယ်ယောင်းကိုယုံမိတာမှားပြီထင်။"မလောပါနဲ့ကွာ ငါပြောတာလေးနားထောင်ပါ
ပြီးမှမင်းစိတ်ကြိုက်ထွက်သားတာပဲဖြစ်ဖြစ်
လုပ်ပါ ငါမတားတော့ပါဘူး"လူကိုဘာဖြစ်စေချင်နေတာလဲ မင်ယွန်းဂီ။
"ပြော"
"ငါ..ငါ"
"ယွန်းဂီ ကျွန်တော်အချိန်မရ-"
"ငါမင်းကိုသဘောကျလို့!"
"ဟမ်"
"သဘောကျတယ်!မဟုတ်ဘူး
ချစ်တယ် မင်းကိုချစ်တယ် အသေးလေး""ဗျာ!?"
-royal camellia-
၃လခန့်ကြာသော်..
"စာလဲမပြန် ဖုန်းလဲမကိုင်တာ
ဘာအချိုးလဲ ကင်ထယ်ယောင်း!""ဘာတွေလာပြောနေတာလဲ
အဲ့ဆေးလိပ်ကိုဆက်သောက်ရင်
လုံး၀အပြတ်ပဲလို့ပြောထားတယ်မလား""ဆေးလိပ်ကြောင့်ပြတ်တယ်??
အရေးမပါလိုက်တာကွာ""ဆေးလိပ်သောက်လို့ဆိုတာထက်
ငါ့စကားကိုအလေးမထားလို့ ပြတ်တယ်ကွာ"'ပြတ်တယ်'ဆိုတာကိုမင်းမို့လို့
လွယ်လွယ်ပြောထွက်တယ်ကွာ။
ငါမင်းကိုဆုံးရှုံးရမှာဘယ်လောက်ကြောက်လဲ
သိရက်နဲ့။"ငါမင်းကိုပြတ်မပေးနိုင်ဘူး
ဘာလုပ်ချင်လဲ""ဂရုမစိုက်ဘူး ငါ့ဘက်ကတော့ပြတ်ပြီပဲ"