•chapter-8•

1.2K 124 10
                                    

ဘူဆန်သို့ရောက်ခဲ့တာ ၁လစွန်းစ‌ွန်းရှိပြီဖြစ်သလို
ထယ်ယောင်းနှင့်ဂျောင်ကုတို့ဆက်ဆံရေးလဲ
တိုးတက်လာပြီဟုဆိုရမည်။
ထယ်ယောင်းဘက်ကတော့ချစ်သည်မဆိုတောင်
ဂျောင်ကုကိုတော်တော်လေးသံယောဇဉ်တွယ်
ရှာသည်။ဂျောင်ကုကတော့အချစ်တွေသာ
တိုးလာကာမရေတွက်နိုင်အောင်ဖွင့်ပြောဆဲ။
ထယ်ယောင်းကလဲမသိချင်ယောင်ဆောင်ဆဲပင်။

ဒီအခြေအနေလေးကိုပဲပိုသဘောတွေ့ပါသည်။
တင်းကြပ်တဲ့မိဘတွေကြောင့်တွဲဖြစ်ရင်တောင်
သူတို့နှစ်ယောက်၏ဆက်ဆံရေးက
ဖြောင့်ဖြူးမနေမှာကိုထယ်ယောင်းကောင်းကောင်းသိပါ၏။

တလဆိုတဲ့အချိန်အတွင်းယွန်းဂီနှင့်ဂျီမင်းတို့လဲ
တော်တော်နီးကပ်လာတာတွေ့ရသည်။
အခုဆိုယွန်းဂီကဂျီမင်းနဲ့သာတစ်တွဲတွဲ။
ကျောင်းပိတ်ရက်ဆိုလျှောက်လည်ကြသည်။
ကျောင်းမှာဆိုလဲတပူးပူးတတွဲတွဲပင်။
သူတို့နှစ်ယောက်၏ဆက်ဆံရေးမှာ
သာမန်တော့မဟုတ်တန်ရာ။

ဒီနေ့လဲစနေနေ့ဖြစ်တာကြောင့်
အပြင်သွားဖို့ပြင်နေတဲ့ယွန်းဂီကို
ထယ်ယောင်းကုတင်ပေါ်ကနေ
မှောက်ယက်လေးလိုက်ကြည့်နေသည်။

"လိုက်ချင်လို့လား ထယ်ယောင်း"

"တော်ပါ သူများအတွဲကြားthird wheel
မဖြစ်ချင်ပါဘူးနော်"

"မင်းကလွဲကွာ"

ရှက်သွားယွန်းဂီကိုကြည့်ရင်း
ထယ်ယောင်းခေါင်းခါမိသည်။
နှစ်ယောက်သားလဲကြိုက်နေရက်နှင့်
ဖွင့်မပြောသောဒီအတွဲကိုထယ်ယောင်းသာ
၀င်လို့စွဲစိလိုက်ချင်သည်။

ယွန်းဂီကိုထပ်မစတော့ပဲ
ထယ်ယောင်းအခန်းထဲကထွက်လာလိုက်‌ေတာ့
ဟင်းချက်ဖို့ပြင်နေသည့်ဦးငယ်ကိုတွေ့သည်။
ဘေးနားမှာလဲအကိုနမ်ဂျွန်းရှိကာ
နှစ်ယောက်သားကျီစယ်နေပုံပေါ်သည်။
အမယ်လေး အတွဲျ‌ေတွကြားက ငါလေးကို
ဘယ်သူများကယ်တင်မှာလဲ။

အာ ဟုတ်သား။ဂျောင်ကုရှိတာပဲ။
သိကျွမ်းလာတဲ့တစ်လျှောက်လုံး
ကျောင်းပိတ်ရက်မှာတခါမှတူတူမလည်ဖူးချေ။
ဒီနေ့တော့ထယ်ယောင်းလဲပျင်းနေတာနှင့‌်
ဂျောင်ကုကိုဖုန်းဆက်လိုက်သည်။

royal camellia | taekook [com]Where stories live. Discover now