•chapter-12•

1K 110 3
                                    

၁ပတ်ရှိခဲ့ပြီ။

ဂျောင်ကုနဲ့တွဲတာ၁ပတ်ပြည့်ပြီပေါ့။
တွဲမိတာနောင်တမရလေအောင်
ဂျောင်ကုကအစွမ်းကုန်ချစ်ပေးပါသည်။
ထယ်ယောင်းတို့ကလဲမာနခဲလေးကနေ
ချွဲစိန်လေးအဖြစ်သို့ပြောင်းလဲလျက်။

တစ်ကျောင်းလုံးလဲသတင်းတွေမှပွထလို့။
ပွထမှာပေါ့ ကျောင်းမှာလဲမရှောင်
ကဲသဲနေကြသည်လေ။

ယွန်းဂီတောင်ကြည့်မရလို့ရှောင်နေရတဲ့အဖြစ်။
ရှောင်နေတယ်ဆိုတာဆင်ခြေတစ်ခုပါ။
တကယ်တော့ဟိုနှစ်ကောင်ကိုကြည့်မရလို့
ဆိုပြီးဂျီမင်းနားပဲတချိန်လုံးကပ်နေခြင်း။

တပတ်မှာ၃ရက်လောက်က
ဂျောင်ကုတိုက်ခန်းမှာလိုက်အိပ်တဲ့ထယ်ယောင်း။
ဦးငယ်တို့လဲထိန်းမရ၍လွှတ်ထားရုံသာ။

"ဆိုးလ်ကမိဘတွေကိုသတိမရဘူးလား"

"ရတော့ရတာပေါ့ ဒါပေမယ့်
နည်းနည်းလေးတောင်မဆက်သွယ်လို့
စိတ်မကောင်းဖြစ်မိတယ်"

"ဒီတခေါက်semesterပြီးရင်
ဆိုးလ်ကိုသွားမလား"

"မင်းကလိုက်မလို့လား"

"အင်း...ငါမရှိရင်ကောင်လေးတစ်ယောက်က
သတိရတယ်ဆိုပြီးငိုနေမှာစိုးလို့လေ"

"အမယ်လေး ဖြစ်ရလေခြင်း
ငိုစရာလား လိုက်ကပ်နေတဲ့လူမရှိလို့
လွတ်တောင်လွတ်လပ်သေး"

"ဟာ ဒါဆိုငါကစိတ်အနှောက်ယှက်ပေးတယ်ပေါ့
ဟုတ်လား"

"ဟုတ်တယ်"

"သွား လာမအိပ်နဲ့ ကိုယ့်အိမ်ကိုပြန်တော့
လူကိုမှီပြီးဂိမ်းလဲလာမဆော့နဲ့"

အဲ့တာ သူစိတ်ကောက်သွားတာပေါ့။
ရုပ်တည်ကြီးနဲ့လာငေါက်နေတာဗျ။
ဂျစ်တူးကောင်ကို အူယားလို့
ပါးကိုကိုက်ပစ်လိုက်သည်။

"အ့ ခွေးလား မင်းက"

ဒီလိုပါပဲ။
သူကစိတ်ကောက်လိုက်ကိုယ်ကရစ်လိုက်နဲ့
၁ပတ်ဆိုသောအချိန်အတွင်းမှာတင်
အမှတ်တရတွေအများကြီး။

အချိန်အကြာကြီးအတူရှိချင်တယ်။
ဒီဆုလေးတော့ပြည့်ရင်ကောင်းမှာပဲ။

-royal camellia-

social butterflyလေးဂျီမင်းကို
ယွန်းဂီသ၀န်တိုလို့ဖွက်ထားချင်မိသည်။
အတန်းခေါင်းဆောင်ဖြစ်တဲ့အသေးလေးက
တစ်ကျောင်းလုံးနဲ့ရင်းနီးကာကူညီတတ်သေး။
သူ့အပေါ်ရိုသားမှန်းမသိမရိုးသားမှန်းလဲမသိပဲ
လူတကာနဲ့ပေါင်းနေတော့တာပဲ။

royal camellia | taekook [com]Where stories live. Discover now