•chapter-13•

995 106 0
                                    

"သားကိုဒီတိုင်းလွှတ်ထားတော့မှာလား"

"ဘာလုပ်စေချင်သေးလို့လဲ
ဒီတစ်နှစ်တော့လွှတ်ထားလိုက်ပေါ့
ကျောင်းအပြောင်းအရွှေ့ကလဲခဏခဏ
လုပ်လို့မကောင်းဘူး"

"တစ်နှစ်လွှတ်ထားမယ်?
သားပေါင်းနေတဲ့ကောင်လေးကိုလဲ
ပြန်ကြည့်ပါအုံးရှင့် ကလေကချေ
ထင်ရာစိုင်းနေတဲ့ကောင်လေး
တစ်နှစ်အတွင်းမှာတင် ကျွန်မတို့သားကို
အပြီချုပ်လိုက်ရင်ဘယ်လိုလုပ်မှာလဲ"

စိတ်သိပ်မရှည်တော့တဲ့Mr.Kimတစ်ယောက်
ချောင်းတချက်ဟန့်ကာ..

"အာရုံတွေအရမ်းလာမစားနဲ့
အုပ်ထိန်းခွင့်ကိုငါရထားတာ
မင်းနဲ့ကဘာမှမဆိုင်တော့ဘူး
ငါ့သားဖြစ်တဲ့အတွက် ငါအဆင်ပြေသလို
ကိုင်တွယ်မယ် ဒီထက်ပိုပြီး စွက်ဖက်လာမယ်ဆို
ငါဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး"

Mr.Kim၏ဇနီးဟောင်းကတော့
ရှူးရှူးရှဲရှဲဖြစ်ကာထထွက်သွားသည်။

ထယ်ယောင်းဘူဆန်ရောက်နေတဲ့အချိန်
သူတို့လင်မယားကွာရှင်းခဲ့တာပင်။
ထယ်ယောင်းသာရှိရင် သူ့အမေနောက်ပဲ
လိုက်မှာစိုးတာကြောင့် တစ်ဖက်လှည့်နှင့်
ထယ်ယောင်းကိုဘူဆန်ပို့၍တရားခွင်မှာ
ရှေ့နေကောင်းကောင်းငှားကာ
အုပ်ထိန်းခွင့်ကိုအပိုင်ယူလိုက်တာပင်။

ထယ်ယောင်း၏အမေဖြစ်သူလဲ
ကောင်းတဲ့လူတော့မဟုတ်ပေမယ့်
သူ့လိုတော့မတင်းကြပ်တာမို့
ထယ်ယောင်းကသူ့အမေနောက်ပဲ
လိုက်မှာသေချာသလောက်။

ကွာရှင်းတဲ့သတင်းကြောင့်
ရှယ်ယာအနည်းငယ်ထိုးဆင်းသွားပြီး
ဇနီးဟောင်းဖြစ်သူကလဲ
သူ့ရှယ်ယာတွေကိုပြန်ထုတ်သွားတာကြောင့်
Kim groupမှာအခက်အခဲတွေရှိနေသည်။
အဲ့အတွက်ထယ်ယောင်းကိုလိုအပ်သည်။
ထယ်ယောင်းသာ companyကြီးတစ်ခုက
မိန်းကလေးနှင့်လက်ဆက်လိုက်လျှင်
ရှယ်ယာတွေလဲပြန်တက်လာမည်ဖြစ်သည်။

စီးပွားရေးသမားမို့အကွက်ကျကျကို
စီစဉ်ကာကျေနပ်မိနေတော့သည်။
ဘူဆန်ကထယ်ယောင်းကတော့
ဆိုးလ်ကအဖြစ်အပျက်တွေကိုမသိပဲ
ချစ်ရသူနှင့်ပျော်နေဆဲပင်။

royal camellia | taekook [com]Where stories live. Discover now