{Unicode}
'အသစ်ပြောင်းလာမယ့် ကျောင်းသားသစ်က
ကင်မ်groupဆက်ဆံသူတဲ့''သိပါ့ သိပါ့ ကင်မ်ထယ်ယောင်းမလား'
'အေးဆို Instagram celeလေဟယ်
ငါ့အသိထဲမှာတင် သူ့ကိုကြိုက်ကြတာမနည်း'ကျောင်းရောက်ထဲက ကျောင်းသားသစ်
အကြောင်းသာကြားနေရတော့
ဂျောင်ကု အာရုံနောက်လာသည်။
အလုပ်မရှိ အားယားနေကြတဲ့
လူတွေဆိုသည်မှာလဲ...ခဏနေတော့ ဆရာမရောက်လာသည်။
ဘေးတွင်လဲ ခပ်ချောချောကောင်လေး
တစ်ယောက်။"အားလုံးပဲနှုတ်ဆက်မယ်"
"မင်္ဂလာပါ ဆရာမ"
တစ်တန်းလုံးရဲ့အာရုံကကျောင်းသားသစ်ထံ။
"ကဲ ကဲ သားနှုတ်ဆက်လိုက်ပါအုံး"
"ကင်ထယ်ယောင်းပါ"
ခပ်လေးလေးပင်နှုတ်ဆက်လိုက်တဲ့ထိုလူသား။
အတန်းထဲက မိန်းကလေးတချို့ကတော့
တီးတိုးပြောလို့နေသည်။"ဟုတ်ပြီ အဆင်ပြေတဲ့နေရာ၀င်ထိုင်လိုက်နော်
ကဲ စာအုပ်ထုတ်မယ် စာမျက်နှာ-၅၅ကိုလှန်"သူ့ဘေးကခုံမှာ၀င်ထိုင်လိုက်တဲ့
ကင်ထယ်ယောင်း။သူလဲတစ်ချက်သာ
လှည့်ကြည့်ကာ စာကိုအာရုံစိုက်လိုက်သည်။
ကင်ထယ်ယောင်းဆိုတဲ့ကောင်လေးလဲ
သူ့အာရုံနှင့်သူသာ။ထယ်ယောင်းကျောင်းရောက်ထဲက စိတ်မကြည်။
ယွန်းဂီနဲ့သူကအခန်းမတူဘူးတဲ့လေ။
အတန်းထဲရောက်တော့ နောက်ဆုံးခုံမှာ
၀င်ထိုင်လိုက်သည်။ဘေးနားတစ်ယောက်ကလဲ
အနှောက်အယှက်ပေးမည့်ပုံမပေါ်တာကြောင့်။
လက်မှာလဲတက်တူးတချို့နှင့်..
အခုမှအထက်တန်းပဲရှိသေးတာကို
တက်တူးနဲ့!?"ဒီမှာ ဒီမှာ"
တက်တူးနဲ့လူမိုက်လိုလိုကောင်လေးက
လှည့်ကြည့်လာသည်။"စာအုပ်ငှားလို့ရလား ငါမပါလို့"
"ဒါဆိုငါကဘာနဲ့သွားကြည့်ရမှာလဲ"
"ဟူး..ဘယ်လောက်ပေးရမလဲ
အဲ့စာအုပ်ပြန်၀ယ်မယ်"'ဘုန်း'