မိုးမိထားသည်သာမက ခေါက်ဆွဲထွက်၀ယ်ရင်း
လေစိမ်းေတွတိုက်တာပါခံလာရသည်မို့
ဂျောင်ကုတော်တော်ဖျားနေလေပြီ။
ဂျီမင်းကလဲစာလုပ်နေရတာကြောင့်
တခါတယံမှသာလာဂရုစိုက်နိုင်သည်။
ထို့အပြင်ခေါက်ဆွဲပြုတ်တွေချည်းရက်ဆက်
စားနေသည်မို့လူကအားမရှိ။ဒေါက် ဒေါက်
သူ့တိုက်ခန်းကိုလာတာဂျီမင်းမှလွဲ၍မရှိ။
ဂျီမင်းသာဆိုဒီတိုင်း၀င်လာလိမ့်မည်၊
တံခါးခေါက်မှမဟုတ်။
ဘယ်သူများလဲဆိုပြီး ကုတင်ပေါ်မှ
ကုန်းရုန်းထကာတံခါးသွားဖြင့်ပေးရပြန်သည်။စနေနေ့မို့ထယ်ယောင်းကျောင်းသွားစရာမလို။
ညကဂျီမင်းဆီကတောင်းထားသောလိပ်စာနှင့်
ဂျောင်ကုဆီသွားလိုက်သည်။
ဘာလာလုပ်တာလဲမေးရင်ဘယ်လိုဖြေရပါ့။
သတင်းလာမေးတယ်ပြောရအောင်လဲ
သူနဲ့ကိုယ်ကခင်မနေ။ဖြစ်ချင်ရာဖြစ်ကွာဆိုပြီးတံခါးခေါက်လိုက်သည်။
တံခါးလာဖွင့်ပေးတဲ့ဂျောင်ကုပုံစံကြောင့်
ထယ်ယောင်းပိုလို့ပင်စိတ်ထဲမကောင်း
ဖြစ်သွားသည်။သူ့ကြောင့်ဖျားရတာလေ။
ဂျောင်ကုမှာနှုတ်ခမ်းတွေကိုဖြူဖျော့လို့
လူကြည့်ရတာလဲယိုင်တိုင်တိုင်။
ထယ်ယောင်းကိုတွေ့တော့အနည်းငယ်
အံ့ဩသွားပြီးယုန်သွားတွေနှင့်ပြုံးပြသည်။"မင်း..နေမကောင်းဘူးဆိုလို့လာတာ
ငါ့ကြောင့်ဖြစ်တာမို့လို့""ဘာလို့လဲ ငါ့ကိုစိတ်ပူလို့လား အသည်းလေး"
နေသာမကောင်းတာလူကယွနိုင်သေးသည့်
ဂျောင်ကုကိုထယ်ယောင်းဘုကြည့်ကြည့်
လိုက်သည်။"စတာ စတာ အထဲဝင်လေ
ငါ့တိုက်ခန်းကကျဉ်းလို့ အဆင်ပြေပါ့မလား
မသိပေမယ့်.."ကုတင်တစ်လုံးရယ်ဆိုဖာရယ်ကလွဲလို့
ဘာမှတော့ထူးထူးခြားခြားမရှိ။
ရှုပ်ပွမနေသော်လဲ သပ်ရပ်နေတာတော့မဟုတ်။"ပုံမှန်ဆိုဘယ်သူမှအိမ်မလာတတ်တာမို့
အိမ်ကိုမရှင်းထားမိဘူး""ရပါတယ် ငါလဲအကြာကြီးနေတာမှမဟုတ်တာ"
ထယ်ယောင်းမျက်စိကစားမိတော့
ကုတင်နားကစားပွဲပေါ်ရှိခေါက်ဆွဲထုပ်များကို
တွေ့လိုက်ရသည်။