•chapter-18•

969 99 3
                                    

"ကဲ....ဆိုပါအုံး
ရုတ်တရက်ကြီးဂွမ်ဂျူရောက်ချလာတဲ့
အကြောင်းလေး"

"ဟူး...ဟျောင်းရဲ့ဒီညီလေးကို
ဟျောင်းကူမှရတော့မယ်ဗျာ အားကိုးပါတယ်"

ဖြစ်သမျှတွေပြောပြလေလိုက်လေတော့
ဟိုဘီဟျောင်းကကူညီမယ်ပြောသည်။

"အေး ကူညီတာကထားပါတော့
နှစ်ပေါက်တဲ့အထိ ဒီဟျောင်းကို
မဆက်သွယ်ပဲပလစ်ထားတာ ဘာအထာလဲ"

"အချိန်ပိုင်းအလုပ်တွေနဲ့ရှုပ်နေလို့ပါဗျာ"

"ရည်းစားထားချိန်ကျရသားနော်"

"ဟီး"

ဟိုဘီဟျောင်းကရှိပေးလို့တော်ပါသေးသည်။
ငယ်ငယ်ထဲကသူ့ကိုဆိုဂရုတစိုက်ရှိပေးခဲ့တာ။
ဟျောင်းအပေါ်ကျေးဇူးတွေလဲတင်မဆုံးပါဘူး။

"ဟျောင်း...."

"ပြော"

"ကျေးဇူးအများကြီးတင်ပါတယ်!"

"မင်းနဲ့ငါနဲ့ကြားအဲ့တာတွေလိုလို့လား
ငိုသံကြီးနဲ့ပြောမနေနဲ့ ကျေးဇူးတင်ချင်ရင်
အဆင်ပြေတဲ့အခါကျ မင်းကောင်လေးနဲ့သာ
မိတ်ဆက်ပေး"

"ဟုတ်!!!"

ဦးလေးကလွယ်လွယ်နဲ့နေရာဖယ်ပေးမှာ
မဟုတ်တာမို့ဒီနှစ်တွေအတွင်းဂျောင်ကု
တော်တော်ကိုအလုပ်ကြိုးစားရပေအုံးမည်။

-royal camellia-

ဆိုးလ်ရောက်တာနှင့်မိဘနှစ်ပါး
ကွာရှင်းရသည့်အကြောင်းအရင်းကို
ရင်နာနာနှင့်မေးမိသည်။

"ဘာလို့လဲ ကွာရှင်းတာလဲ....
ချစ်မနေကြရင်တောင် ကွာရှင်းရလောက်တဲ့
အထိဆက်ဆံရေးတွေဆိုးနေတာမှမဟုတ်တာ"

"ကွာရှင်းဖို့ပြောတာမင်းအမေ...
အခုဆိုသူကနောက်အိမ်ထောင်နဲ့"

'ဘာလို့လဲ'ဘာလို့လဲ'ဆိုတဲ့မေးခွန်းတွေကသာ
သူ့ခေါင်းထဲထပ်နေသည်။မေမေကပါ
ဘာလို့ထားသွားရတာလဲ။မေမေကတော့
သူ့ကိုချစ်ပေးတယ်ထင်ခဲ့တာ။

"ကျွန်တော် ဆိုးလ်မှာရက်ပိုင်းပဲနေမှာမို့
ဟိုတယ်တစ်ခုမှာပဲနေလိုက်တော့မယ်"

"ကောင်းပြီလေ ပိုက်ဆံလိုရင်ပြော"

ဘူဆန်ပြန်လဲဘာများရှိသေးလို့လဲငါ့သားရယ်။
ဂျွန်ဂျောင်ကုကထွက်သွားပြီလို့ကြားရသည်။
ထွက်သွားတဲ့လူကိုအပြီးမေ့လိုက်စမ်းပါ။
အစထဲကအဲ့လိုကောင်နဲ့ငါ့သားနဲ့က
တန်မှမတန်တာ။

royal camellia | taekook [com]Where stories live. Discover now