ဘူဆန်ရောက်တာ၁လကျော်ပြီဆိုသော်ငြား
မိဘတွေကအဆက်အသွယ်မလုပ်ခဲ့။
ဘယ်လိုပဲဂရုမစိုက်ပါစေ
သာကြောင်းမာကြောင်းလေးတော့
မေးသင့်သည်မဟုတ်ပါလား။
ထားပါတော့။ငယ်ငယ်ထဲကဒီလိုတွေနဲ့
နေသားကျပြီးသားပဲ။တခါတလေတော့စိတ်အားငယ်မိပေမယ့်
ဘေးနာမှာရှိပေးတဲ့ဂျောင်ကုကြောင့်
စိတ်သက်သာရာရပါသည်။
သူရင်ဖွင့်သမျှကိုမငြီးမငြူနားထောင်ပေးသည်၊
သွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးသည်။
သူနဲ့ဂျောင်ကုကသူငယ်ချင်းအမည်ခံထားသည့်
ချစ်သူရည်းစားတွေလိုပင်။
(Friends with benefitsလိုမျိုးပေါ့:3)ဖက်တာဘာညာအသာထား
မနမ်းရုံတမယ်အခြေအနေတွေထိပင်
ခဏခဏရောက်ဖူးပါသည်။
အခုဆိုယွန်းဂီပင်သိနေပြီ။
သူတို့ရဲ့ဆက်ဆံရေးကပြောပြစရာမလိုပဲကို
ဘေးလူတွေသိတဲ့အထိသိသာနေတာလား။ထယ်ေယာင်းမှာဂျောင်ကုတိုက်ခန်းကိုလဲ
သူ့အိမ်သူ့ရာသဖွယ်ချောင်းပေါက်မတတ်
ရောက်သည်။အခုလဲဂျောင်ကုကုတင်ပေါ်
တက်ထိုင်ကာဂိမ်းဆော့နေခြင်း။
ငယ်ကျွန်ကြီးဂျောင်ကုခမျာတော့
ထယ်ယောင်းဖွထားတာတွေ
လိုက်ရှင်းရတာပေါ့။ချစ်တော့လဲအပြစ်မမြင်ရက်။
'အလိုလိုက်ထားတော့သိပ်ဆိုးတာပဲကွာ'
သုံးနာရီလောက်ဂိမ်းဆော့ပြီးအကြာမှာတော့
အကြောတွေဘာတွေဆန့်ကာဂျောင်ကုကို
မျက်နှာချိုလေးသွေးရှာသည်။"ကဲ သခင်လေး ဂိမ်းဆော့လို့၀ပြီလားခင်ဗျ"
"ဟီး..."
စပ်ဖြီးဖြီးရုပ်လေးကိုအသည်းယားလွန်းလို့
တရှုံ့ရှုံ့နမ်းလိုက်ချင်သည်။ကုတင်ပေါ်သို့တစောင်းထိုင်ကာ
မျက်ရိုးတွေကိုညှင်ညှင်သာသာနှိပ်ပေးသည်။"အဲ့လောက်ကြီးဂိမ်းဆော့ရင်
မျက်ရိုးတွေကိုက်မယ် အသည်းလေးရဲ့""ကိုက်ပါ့စေ နှိပ်ပေးမယ့်
ဂျောင်ကုရှိတာပဲဟာ"အဆိုးလေးကပုခုံးပေါ်ခေါင်းမှီလို့ချွဲပြန်သည်။
ပိုင်ဆိုင်ချင်လွန်းလို့ရူးတော့မှာပဲ။
ဒီတိုင်းခိုးပြေးလိုက်ရမလား။