"တောက်!အဲ့အကောင်ကဘယ်ကကောင်လဲကွ
ရာရာစစအိမ်ရှေ့ထိတောင်လိုက်ပို့ရတယ်လို့"လက်ထဲကဓာတ်ပုံတွေကိုနံရံဘက်သို့
ခပ်ပြင်းပြင်းပစ်ပေါက်လိုက်သည်။
ပိုဒေါသထွက်စေတာကပြုံးရယ်နေတဲ့
ထယ်ယောင်းကြောင့်။အဲ့အပြုံးလေးတွေ...
မြင်သူတိုင်းငေးရလောက်တဲ့အပြုံးလေးတွေကို
သူပဲသိမ်းထားချင်ခဲ့တာလေ။"အတွင်းရေးမှူးဂန် ၀င်ခဲ့ပါ"
"ဟုတ်ကဲ့ ဘာများလိုအပ်ပါသလဲရှင့်"
"ဒီဓာတ်ပုံထဲကလူ...အဲ့လူအကြောင်းစုံစမ်းပေး"
"ဟုတ်ကဲ့ပါ"
"မြန်နိုင်သမျှမြန်မြန်"
"နားလည်ပါပြီ"
အတွင်းရေးမှူးဂန်ကခါးကိုကိုင်းညွှတ်လို့
အခန်းထဲမှပြန်ထွက်သွားလေသည်။
ဆုံလည်ကုလားထိုင်ပေါ်ကဂျောင်ကုမှာတော့
ပါးစောင်ကိုလျှာနဲ့ထိုးကာ
တောက်တခေါက်ခေါက်။ငါဒီလိုပူပူလောင်သ၀န်တိုရတဲ့အထိလှလွန်းတယ်
အဲ့လိုရစ်မူးစရာလေးကိုငါ့ရင်ခွင်ထဲမှာပဲ
သိမ်းထားချင်တာ တသက်လုံးအတွက်။
မင်းမနေချင်ဘူးဆိုတောင် ကိုယ်ကဖမ်းထားမှာပဲ
နေသားကျအောင်ကြိုးစားရုံကလွဲလို့မရှိဘူး။
ငါ့အချစ်ကလှပသလိုရစ်နှောင်တတ်တယ်ဆိုတာ
မင်းသိပါစေ...ငါ့ရဲ့တော်၀င်ပန်းလေး။-royal camellia-
'ဟယ်လို ထယ်ယောင်း'
"အေး ပြော"
'ဘယ်လိုလဲဒီနေ့dateက'
"အဆင်ပြေပါတယ် အကိုကဂရုစိုက်ပေးတယ်"
'အေး အဆင်ပြေရင်ပြီးတာပဲ'
"ပင်ပန်းလာတာမို့ငါနားချင်ပြီ ယွန်းဂီ
မနက်မှပြန်ဆက်လိုက်မယ်"'အေးပါ ကောင်းကောင်းနား'
ဖုန်းချပြီးတာနဲ့ဖုန်းကိုကုတင်ပေါ်ပစ်တင်ကာ
ရေးပြေးချိူးလိုက်သည်။တစ်နေကုန်
လျှောက်သွားနေတာမို့လူလဲနုံးလှပြီ။
ပိုဆိုးတာကဂျောင်ကုအကြောင်းမတွေးမိအောင်
ထိန်းနေရတာပင်။မျက်နှာပျက်ပျက်သွားတာကို
အကိုလဲရိပ်မိရောပေါ့။