Previous chapter:
"ကိုယ့်ကိုကြည့် ဘာမှစိုးရိမ်မနေပဲ
ကိုယ့်ကိုပဲကြည့်နေပေးပါလား""..."
"ကိုယ်မင်းသေလောက်အောင်ချစ်တယ်
အဲ့တာကိုပဲသိထားပေး မင်းကိုမင်း
ဖိအားပေးစရာမလိုဘူး"မင်းအဲ့လိုတွေပြောလေ ငါမင်းကို
တွယ်တာလာလေလေပဲ။-royal camellia-
ဘာမှလှည့်မကြည့်ပဲ
သူ့ကိုဖမ်းဆွဲထားလိုက်ရမလား။
ရှေ့လျှောက်ကြုံရမှာတွေကို မျက်နှာလွှဲလို့
သူကမ်းပေးတဲ့လက်တစ်စုံကို
ဆုပ်ကိုင်လိုက်ရမလား။"ငါ့ကိုအမြဲချစ်နေပေးမယ်မလား"
ထယ်ယောင်းရဲ့အမေးကြောင့်
ဂျောင်ကုမျက်လုံးတွေအရည်လဲ့လာကာ
ခေါင်းကိုသွက်သွက်ငြိမ့်ပြလိုက်သည်။"ဒါပေါ့ အချစ်ရယ်..ငါ့အချစ်တွေကို
မင်းမမြင်နိုင်ဘူးလား""ငါမေးတာကို အရိုးသားဆုံးဖြေပါ
ဘယ်အခြေအနေရောက်ရောက်
ငါ့ကိုဖမ်းဆွဲထားနိုင်မယ်လို့
ယုံကြည်ချက်ရှိလား""အင်း ရှိတယ်"
"အလျင်မလိုနဲ့ ဂျောင်ကု...
ဒီမေးခွန်းကို သေချာစဉ်းစားပြီးမှ
ဖြေစေချင်တယ်"ပွေ့ထားတဲ့ခါးလေးကိုပိုတိုးပွေ့လို့
ထယ်ယောင်း၏မျက်၀န်းေလးထဲကိုစူးစိုက်ကြည့်သည်။မြင်လား ထယ်ယောင်း...။
မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေကိုမြင်ရဲ့လား။"အင်း မင်းကိုဖမ်းဆွဲထားနိုင်တယ်"
"ကတိပေးနိုင်မလား"
"ပေးနိုင်တာပေါ့"
ထယ်ယောင်းရဲ့လက်သန်းလေးသို့
သူ့လက်သန်းလေးပါချိတ်၍ကတိပေးခဲ့သည်။
နှဖူးလေးကိုပါတံဆိပ်ခက်တဲ့အနေနှင့်
အနမ်းခြွေ၏။"ကတိမတည်တဲ့လူကိုမုန်းတယ်နော်"
"အသည်းလေးရဲ့အမုန်းကိုမခံယူချင်တာမို့
ဒီကဂျွန်ဂျောင်ကုက ကတိတည်ပါ့မယ်ခင်ဗျ""အဲ့လိုဆို ငါလဲ..ငါလဲ မင်းကိုချစ်တယ် ဂျွန်"
အသည်းနှင့်အောင်ချစ်ရသူလေးခေါ်တာ
'ဂျွန်'တဲ့။ဘယ်တုန်းကမှတန်ဖိုးမထားခဲ့မိတဲ့
ကိုယ့်မျိုးရိုးနာမည်ကို အခုမှမြတ်နိုးလာသလို။