မနေ့ကချိန်းဆိုမှုကြောင့် ဂျောင်ကုတစ်ယောက်
Mr Jeon၏ရုံခန်းထဲရောက်လို့နေသည်။"သူဌေးကအစည်းအဝေးလုပ်နေလို့
ခဏလောက်စောင့်ပေးပါနော်"အတွင်းရေးမှူးရဲ့စကားကိုဂျောင်ကုကို
ခေါင်းအသာငြိမ့်ကာတုံ့ပြန်လိုက်သည်။ဒီနေ့က ထယ်ယောင်းနဲ့အတူရှိမယ့်
နောက်ဆုံးနေ့လေးပဲ။မကြာခင်ဆို
ချစ်ရသူရင်ကိုခွဲကာထားခဲ့ရပေအုံးမည်။
ခဏလောက်တော့သည်းခံလိုက်ပါ။
ကိုယ်တို့အနာဂတ်အတွက်လုပ်နေတာမို့။မိနစ်နည်းနည်းကြာတော့
Mr.Jeonတစ်ယောက်ပေါ်လာခဲ့သည်။"စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူး....ဦးလေး"
"ကဲ..လာရင်းကိစ္စကိုဆိုပါအုံး"
"ကျွန်တော့်ကို ရှယ်ယာနည်းနည်းခွဲပေးပါ
တစ်နှစ်အတွင်းပြန်ဆပ်မယ်""ဟား..ငါဘာလို့လွယ်လွယ်နဲ့ခွဲပေးရမှာလဲ
မင်းကငါ့ကိုဘာပြန်ပေးမှာမို့လို့လဲ"ဦးလေး၏ရယ်သံနှောပြီးပြောတဲ့စကားကြောင့်
ဂျောင်ကုဟက်ဟက်ပက်ပက်ရယ်မိသည်။"ခင်ဗျားမေ့နေတာလား
မသိချင်ယောင်ဆောင်နေတာလား
ဒီပိုင်ဆိုင်မှုတွေ၊ဟော ဒီကြီးကျယ်တဲ့
Companyကြီးက တကယ်ဆိုကျွန်တော့်
အပိုင်လေ....မိဘမဲ့ဂေဟာကိုအမှိုက်စွန့်သလို
စွန့်ပစ်လိုက်တာနဲ့ ဒါတွေကိုဦးလေး
ပိုင်သွားပြီထင်မနေနဲ့ အဖေ့သေတမ်းစာမှာ
ကျွန်တော်က အမွေဆက်ခံသူ...
ကျွန်တော်သာဆန္ဒရှိရင်
ခင်ဗျားတို့မိသားစုကိုလမ်းဘေး
ရောက်အောင်တောင်လုပ်နိုင်တယ်"Companyတစ်ခုလုံးကိုအုပ်ချုပ်ဖို့အထိက
ဂျောင်ကုအတွက်ခေါင်းစားစေတာမို့
ဦးလေးဆိုတဲ့လူကိုလွှတ်ပေးထားတာ။
ထိုလူကအေးဆေးမနေပဲစကားပိုတွေနှင့်
စိတ်ကိုလာဆွတာေကြာင့် ဂျောင်ကုခပ်မာမာပင်
သတိပေးလိုက်သည်။ထိုအခါဦလေးက
ဟန်မဆောင်နိုင်စွာမျက်နှာပျက်သွားသည်။
သူများအပိုင်တွေလုယူထားရတော့လဲ
သူ့ခမျာဘယ်အေးချမ်းမလဲ။"လိုချင်တာ ရှယ်ယာမလား
ငါ့ပိုင်တဲ့ထဲက၅ရာခိုင်နှုန်းပေးလိုက်မယ်
ရပြီလား"