"မဖြစ်နိုင်တာ ဂျောင်ကုလေ?"
"ဟုတ်တယ် ဂျီမင်း ကိုယ်လဲလုံးဝမထင်ထားဘူး"
မပြောမဆိုနှင့်ပျောက်သွားသည့်အပြင်
ပြန်ပေါ်လာတော့လဲသူ့သဘောတိုင်းတွေ
လုပ်နေသဖြင့်ဂျီမင်းဂျောင်ကုကို
တော်တော်လေးစိတ်ဆိုးမိသည်။
ခါတိုင်းလဲသူတဇွတ်ထိုးလုပ်တတ်တာ
သိပေမယ့်လက်ခံပေးလို့ရသေးသည်။
အခုလိုသူများတကာကိုရှယ်ယာနဲ့သိမ်းပြီး
အတင်းလက်ထပ်တာကြီးကတော့မဖြစ်သင့်။"ဂျောင်ကုကိုတွေ့ရမယ် ယွန်းဂီ
ကျွန်တော်ကိုယ်တိုင်မေးချင်တယ် သူ့ကို""ကောင်းပြီ မဟုတ်တောင်ကိုယ်လဲ
ဆိုးလ်ကိုသွားဖို့လုပ်နေတာ နောက်အပတ်""ထယ်ယောင်းရော ဘယ်လိုနေလဲ"
"သူကတော့အဆင်ပြေတယ်ပြောနေတာပဲ
လိမ်နေတာအသိသာကြီး အဲ့ကောင်ကလေ
အမြဲတမ်းတစ်ယောက်တည်းကြိတ်ကြိတ်
ခံစားတတ်တဲ့ကောင်"တောက်တခေါက်ခေါက်နှင့်ယူကျူံးမရဖြစ်
နေသည့်ယွန်းဂီကိုဘယ်လိုနှစ်သိမ့်ရမလဲတောင်
မသိတော့ပါချေ။ဂျောင်ကုလုပ်ရပ်တွေက
မှားမှန်းသိပေမယ့်အကြောင်းပြချက်
ခိုင်ခိုင်မာမာရှိပါလိမ့်မည်ဟုဂျီမင်းယုံသည်။-royal camellia-
"ဂျောင်ကု...ထ ထ အိမ်ပြန်မယ်
Barပိတ်တော့မယ်ကွ""ဟျောင်း...."
ကြည့်ရတာဟိုကောင်လေးကသူ့ကို
ခါးခါးသီးသီးဖြစ်နေသည်ထင်ပါ့။
ထူမရတဲ့အထိသောက်ထားပုံအရ
တော်ရုံအသည်းကွဲတာတော့မဟုတ်။
သူထိုင်နေတဲ့စားပွဲဝိုင်းကြီးပေါ်တွင်လဲ
ခပ်ပြင်းပြင်းwineပုလင်းတွေနှင့်ပွသလဲလို့။
Barပိတ်ခါနီးပြီမို့waiterကောင်လေးက
သူ့ကိုဖုန်းဆက်သဖြင့်ရောက်ချလာရခြင်း။"ညီလေး နည်းနည်းကူပါဦးကွာ"
မူးရူးနေသည့်ဂျောင်ကုကိုသူတစ်ယောက်ထဲ
ဘယ်လိုမှမနိုင်တာမို့အကူအညီတောင်းရပြန်သည်။အော်..ဒုက္ခ..ဒုက္ခ။"ဟျောင်း...ကျွန်တော့်ထယ်ယောင်းက..
ထယ်..ယောင်းက..ကျွန်တော့်ကို
မုန်းသွားပြီထင်တယ်.."