'ယွန်းဂီနဲ့လက်တွဲလျှောက်ချင်လို့'ဆိုပြီး
ပူဆာထားတဲ့အသေးလေးကြောင့်
ကားအသစ်ကြီးကိုချောင်ထိုးခဲ့ကာ
မျက်နှာချင်းဆိုင်ကအသေးလေးတို့အိမ်သို့
မြန်မြန်လေးပြေးသွားလိုက်သည်။"ဟယ်လို ကိုယ်မင်းတို့အိမ်ရှေ့ရောက်နေပြီ"
'ဟုတ်ဟုတ် ကျွန်တော်အခုထွက်ခဲ့မယ်'
Officially'ကိုယ်'လို့သုံးခွင့်ရပြီမို့
အဲ့လိုသုံးတိုင်းလဲအကြီးကြီးကျေနပ်ကာ
တစ်ယောက်တည်းရှက်သွေးတွေဖြာနေတဲ့
ယွန်းဂီပါလေ။တခါမှရည်းစားဆိုတာမျိုး
မရှိဖူးတာမို့ ခံစားချက်အသစ်တွေလဲရကာ
စိတ်တွေလဲလှုပ်ရှားရသည်။သူကသာပုံမှန်ထက်ပိုပြီးကောင်းကောင်းကန်းကန်းေတွ
ပြင်ဆင်လာသော်လဲ အသေးလေးမှာတော့
ခါတိုင်းပုံစံအတိုင်း hoodieအဝါနှင့်
ဂျင်းအနုလေး။သို့ေသာ်ချစ်ဖို့ေကာင်းတဲ့လူကဘယ်လိုပဲနေနေချစ်ဖို့ကောင်းသည်ဆိုတဲ့အတိုင်း
ယွန်းဂီမျက်လုံးထဲမှာတော့ ဂျီမင်းဟာ
ချစ်စရာအကောင်းဆုံးလူသားလေးပင်။"ဘာလို့အဲ့ကြည့်နေတာလဲ
ကျွန်တော့်ပုံစံတမျိုးဖြစ်နေလို့လားဟင်""ချစ်ဖို့ကောင်းလို့"
"အာ..."
"သွားရအောင်လေ"
"အွန်း.."
ယွန်းဂီဘက်ကပဲစပြီး
အသေးလေးရဲ့လက်ကိုဆွဲလိုက်သည်။
ခပ်ကြီးကြီးhoodieအောက်မှာမြုပ်နေတဲ့
လက်ဖောင်းဖောင်းလေးရဲ့နွေးထွေးမှုကြောင့်
ယွန်းဂီနှလုံးသားလေးပါနွေးခနဲဖြစ်သွားရသည်။
တွဲခဲ့တာ၂လကျော်ပြီဆိုသော်ငြား
အထိအတွေ့သေးသေးလေးကပင်
နှစ်ယောက်လုံးကိုရှက်သွေးဖြာစေတုန်း။သူတို့ရဲ့first dateလေးမှာကို
ချစ်စရာကောင်းတဲ့နေရာလေးတွေမှာ
ကုန်ဆုံးဖို့ဆုံးဖြတ်ထားသည်။
တညလုံးgoogleမှာအချိန်ဖြုန်းကာ
ယွန်းဂီရှာထားရခြင်းပင်။ပထမဆုံးအနေနဲ့bosu book street