•chapter-15•

969 106 8
                                    

လမ်းခွဲပေးရမယ်တဲ့။
သူဘယ်လိုတောင်ရယူဖို့ကြိုးစားခဲ့ရတဲ့
ပန်းကလေးမို့လို့လဲ။
ခင်ဗျားပြောလိုက်တာတော့လွယ်တာပေါ့။

"ကျွန်တော်ကဘာလို့အဲ့လိုလုပ်ပေးရမှာလဲ"

"အိုး ငါမင်းကိုအခွင့်‌အရေးပေးခဲ့သားပဲ
မင်းမှမလုပ်နိုင်တာ"

ရူးနေလားဗျ။ဘာမဟုတ်တဲ့ဒီကောင်က
တနှစ်အတွင်းဘယ်ကအထောက်အပံ့နဲ့
Kim Groupအထိပါကူညီနိုင်မှာလဲ။

အထောက်အပံ့..
ဟုတ်သားပဲ။

"ကျွန်တော်လုပ်မယ်"

"ဘာပြောတယ်"

"တစ်နှစ်အတွင်းခင်ဗျားပြောတဲ့
အခြေအနေရအောင် ကျွန်တော်လုပ်ပြမယ်
ထယ်ယောင်းကိုသာ လက်မထပ်ပေးပါနဲ့"

ဟ..။ဒိ‌ီကောင်စိတ်ကတော့မာသား။

"ဟုတ်ပြီလေ ငါစောင့်ပေးမယ်
ဒါပေမယ့် ငါတို့ကတိအနည်းငယ်တော့
လိုအပ်လိမ့်မယ်"

"..."

"ငါမင်းကိုလာတွေ့ခဲ့တာ
ထယ်ယောင်းမသိစေနဲ့
ပြီးတော့ ငါပေးထားတဲ့တနှစ်အတွင်း
မင်းထယ်ယောင်းနဲ့အဆက်အသွယ်မလုပ်ရဘူး"

"ဘာဗျ!"

"ငါ့ဘက်ကအခွင့်အရေးပေးတာတောင်
လွန်လှပြီနော် ဒါ့အပြင်တစ်နှစ်တောင်
ငါစောင့်ပေးအုံးမှာ တကယ်ဆို
ထယ်ယောင်းကိုအသာလေးပြန်ခေါ်လို့ရတယ်"

တကယ်တမ်းအဲ့လောက်မလွယ်မှန်း
Mr.Kimကိုယ်တိုင်သိသည်။
ထယ်ယောင်းကအသာတကြည်လိုက်မှာ
မဟုတ်လို့ပြသနာတွေပိုရှုပ်ကုန်မှာပင်။
ဒါ့အတွက် ဂျောင်ကုကိုလာတွေ့ရခြင်း။

"ဟုတ်ပြီ ကျွန်တော်လက်ခံတယ်
ခင်ဗျားသာ ခင်ဗျားကတိတည်ပါ"

"ဟားဟား ကင်ထယ်ဆူတို့တသက်လုံး
ကတိနဲ့ပဲအသက်ရှင်လာတာပါကွ
မင်းပြောစရာမလိုဘူး"

"ဟုတ်ပါပြီ ဒါပေမယ့်
ကျွန်တော်နဲ့ထယ်ယောင်းကို
နှစ်ရက်လောက်တော့ အချိန်ပေးပါ
နှစ်ရက်လေးပါပဲ"

"ကောင်းပြီလေ နှစ်ရက်ပေးမယ်
ဒါပြီးရင်တော့ ထယ်ယောင်းကို
ဆိုးလ်ပြန်ခေါ်သွားမယ်"

royal camellia | taekook [com]Where stories live. Discover now