•chapter-7•

1.3K 133 5
                                    

စနေ တနင်္ဂနွေနှစ်ရက်လုံး ဂျောင်ကုကို
ဂရုစိုက်ပေးခဲ့တာကြောင့် ကျောင်းပြန်ဖွင့်တော့
ဂျောင်ကုကျန်းမာနေပြီဖြစ်သည်။
ထယ်ယောင်းနဲ့လဲအရင်ကထက်
ဆက်ဆံရေးကောင်းလာပြီဖြစ်သည်။
ရင်းနှီးသည်အထိမဟုတ်သော်ငြား
ထယ်ယောင်းကသူ့ကိုအမြင်ကြည်လာသည်။

"ကျောင်းဆင်းရင်တူတူပြန်မလား "

"ငါယွန်းဂီနဲ့ပြန်မှာ"

"ယွန်းဂီက ဂျီမင်းနဲ့ပြန်မှာနော် ဟိုနေ့ကလို
မင်းတစ်ယောက်တည်းကျန်ခဲ့မယ်"

"နေပါအုံး မင်းကယွန်းဂီကိုသိတာလား"

"သိတာပေါ့ မင်းနဲ့ပက်သက်ရင်အကုန်သိတယ်
သည်းလေးရဲ့"

"အဲ့လိုဆက်ခေါ်နေမယ်ဆို ငါထိုးမှာနော်
အတည်မေးနေတာ ဂျောင်ကု"

"ဂျီမင်းကငါ့ဆီလာတိုင်း အဲ့ယွန်းဂီအကြောင်းပဲ
ပြောလွန်းလို့သိတာ မင်းနဲ့တွဲသွားတွဲလာလုပ်နေကျမို့လဲပါတာပေါ့"

ဂျောင်ကုအကြောင်းယွန်းဂီကိုပြောပြသင့်ပြီ
ထင်သည်။ပြောပြမည်ဆိုဦးတော့ ဘယ်လို
ပြောမှာလဲ။လိုက်နှောက်ယှက်နေတဲ့ကောင်?
အတန်းထဲကသူငယ်ချင်း?ငါ့ကိုကြိုက်နေတဲ့လူ?
သူတို့နှစ်ယောက်အခြေအနေကသူငယ်ချင်း
ပုံစံလဲပေါက်မနေသလို ဂျောင်ကုကလဲ
သူ့အပေါ်ဘယ်လိုသဘောထားမှန်းမသိပါ။

"ငါအတည်မေးမယ် ဂျောင်ကု"

"အင်း"

"မင်းနဲ့ငါက ဘာတွေလဲ"

"လူတွေပေါ့ဟ"

"ဂျွန်ဂျောင်ကု"

"စတာ စတာ "

"ငါပြောချင်တာက မင်းကငါ့ကိုလိုက်နေတာလား
ဘာလား"

ဂျောင်ကုကတစ်ချက်စဉ်းစားသည့်ပုံပြုသည်။

"အင်း..ငါလဲမသိဘူး"

"မင်းအဖြေကဘယ်လိုကြီးလဲ"

"မင်းကိုငါကြိုက်တယ်လေ ဒါပေမယ့်
မင်းကိုတခါမှပိုးပန်းတာမျိူးမလုပ်ရသေးဘူး
ထင်တယ် အဖြေလဲမတောင်းဖူးဘူးမလား"

ရုတ်တရက်ထယ်ယောင်းငြိမ်သွားသည်။
ကြိုက်နေတာသိပေမယ့် အဲ့လိုဒဲ့ကြီးပြောတော့
ထယ်ယောင်းလဲရှက်တာပေါ့လို့။
ဂျောင်ကုကရိပ်မိတဲ့အနေနဲ့ရယ်သည်။
သူ့အသည်းလေးကအရှက်သည်းလိုက်တာ။
ရှက်နေတဲ့မျက်နှာရဲရဲလေးက
အူယားစရာလေးမို့နောက်ဆိုဂျောင်ကု
များများflirtပေးဦးမည်ဟုဆုံးဖြတ်လိုက်သည်။

royal camellia | taekook [com]Where stories live. Discover now