{Unicode}
ဘူဆန်သို့ရောက်ရှိ....
ငယ်ငယ်ကသာရောက်ဖူးတဲ့ဘူဆန်က
ထယ်ယောင်းအတွက်စိမ်းနေခဲ့သည်။
လေဆိပ်မှတစ်ဆင့် ဦးငယ်တို့အိမ်ကို
သွားရာလမ်းတစ်လျှောက်ငေးမောလျက်။
သူတို့မိသားစုနီးနီးချမ်းသာတဲ့ဦးငယ်တို့
အိမ်မှာဘူဆန်မြို့စွန်တွင်တည်ရှိသည်။
မြို့စွန်ဖြစ်တာမို့ တိုက်တွေပင်သိပ်မရှိပဲ
လယ်ကွင်းတွေသာတွေ့ရသည်။ဒီလိုနေရာလေးကိုထယ်ယောင်း
သဘောတွေ့မိပါသည်။လယ်ကွင်းတွေ
ဖြတ်ခဲ့ပြီးနောက် လမ်းကျဉ်းလေးအဆုံးတွင်
ဦးငယ်၏ခြံ၀န်းသို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ဦးငယ်မှာ ယောင်္ကျားတစ်ယောက်နှင့်
လက်ထပ်ထားခြင်းပင်။ထယ်ယောင်းကလဲ
လိင်တူချစ်ခြင်းကိုလက်ခံသူမို့
ပြသနာတော့မရှိချေ။ဦးငယ်၏ယောင်္ကျား
ဖြစ်သူနှင့်လဲဦးငယ်မိတ်ဆက်ဖူး၍
ရင်းနှီးသည်လေ။"ဟာ ထယ်ယောင်းတို့ရောက်ပြီလား"
"ဟုတ် ဦးငယ် မတွေ့တာတောင်ကြာပြီနော်"
"ဟုတ်ပါ့ကွာ ငါ့တူကချောလာလိုက်တာ"
ဦးငယ်ဆော့ဂျင်ကနွေးထွေးစွာ
နှုတ်ဆက်လာသလို ဦးငယ်၏ယောင်္ကျား
အကိုနမ်ဂျွန်းကလဲ ပြူငှာစွာထယ်ယောင်းနှင့်
ယွန်းဂီတို့ကိုကြိုဆိုခဲ့သည်။ဘူဆန်သို့
ရောက်လာသည်ကပင် ထယ်ယောင်းအတွက်
ပိုအဆင်ပြေသွားသည်ဆိုရမလား။ဦးလေးနဲ့တူဖြစ်သော်ငြား
အသက်သိပ်မကွာသောကြောင့်
ထယ်ယောင်းသည်ဦးငယ်ကို
အစ်ကိုလိုပင်ပွင့်လင်းစွာဆက်ဆံသည်။
အကိုနမ်ဂျွန်းကလဲ ထယ်ယောင်းကို
ညီလေးတဖွယ်သဘောထားပေးတာမို့
ထယ်ယောင်းမှာအဆင်ပြေလှသည်။
ဦီးငယ်နှင့်အကိုနမ်ဂျွန်းသည်သူသာမက
ယွန်းဂီကိုပါရင်းနှီးစွာဆက်ဆံပေးကြသည်။"ဦးငယ်တို့ပတ်၀န်းကျင်ကအေးချမ်းတယ်နော်"
"ဟုတ်တယ် ထယ်ယောင်းရဲ့ နမ်ဂျွန်းကလဲ
ဒီလိုနေရာမျိုးကိုမှ ရွေးပြီးအိမ်၀ယ်ထားတာလေ"ခြံ၀န်းကြီးထဲမှာ ဦးငယ်နှင့်သူ
စကားပြောနေခြင်းပင်။
ညနေခင်းလေးမို့ခပ်လှမ်းလှမ်းမှာ
ရှိတဲ့လယ်ကွင်းတွေကလဲလှပလို့။