Chapter 5

11.8K 1.9K 80
                                    

(Unicode)

နောက်နေ့နေ့လယ်တွင် စာသင်ခန်းထဲ၌ လူအနည်းငယ်သာ ရှိသည်။ အသံတစ်သံက ကော်ရစ်တာကိုဖြတ်ပြီး ဒုတိယတန်းရဲ့ အတန်းငါးကို ရောက်သွားတယ်။

“Mr He…Yan ge…Yan ge…”

ရင်းနှီးနေတဲ့ အသံကိုကြားပြီး He Yan အတန်းထဲမှာ စက္ကန့်ဝက်လောက် တန့်သွားသည်။

ခဏအကြာမှာ ထိုအသံက အတန်းငါးရဲ့ အပေါက်ဝကို ရောက်လာသည်။

Pan Yi က ကောင်လေးတစ်ယောက်ကို ဆွဲခေါ်ပြီး အတန်းငါးရဲ့ တံခါးကို လက်ညှိုးထိုးရင်း မေးသည်။ “He Yan က ဒီအတန်းထဲမှာလား”

ထိုကောင်လေးက မျက်စိလည် လမ်းပျောက်နေသည့်ပုံစံဖြင့် ခေါင်းညိတ်ပြသည်။

ထိုကောင်လေးက ဘာတစ်ခုမှ ထပ်မပြောရသေးခင်ပင် Pan Yi က ထိုကောင်လေးကို လွှတ်လိုက်ပြီး အတန်းငါးထဲသို့ တွန်းဝင်လာတော့သည်။ အထဲရှိ ကျောင်းသားအနည်းငယ်ကို ကြည့်သော်လည်း ထိုထဲတွင် ရင်းနှီးနေသည့် မျက်နှာကို မတွေ့ရ။ သူက ဘေးရှိ ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။

“He Yan မရောက်သေးဘူးလား”

မေးသည့်လူမှာ Pan Yi ဖြစ်သောကြောင့် သူမေးသည့် မိန်းကလေးမှာ မျက်နှာရှက်သွေးဖြန်းကာ ကော်ရစ်တာနားရှိ လေးတန်းမြောက်က နောက်ဆုံးအုပ်စုကို ညွှန်ပြလိုက်သည်။

Pan Yi ထိုကောင်မလေး၏ ခံစားချက်များကို ဂရုစိုက်ရန် အချိန်မရှိသည့်ပုံဖြင့် He Yan ဆီ အမြန် လျှောက်လာသည်။

“Yan…Yan ge?”

He Yan သူ့ခေါင်းကို မော့လိုက်သည်။

Pan Yi မျက်လုံးများက အနီရောင်သို့ မသန်းမီ ထိုမျက်ကပ်မှန်နောက်ကွယ်က နှစ်မြို့ဖွယ်ကောင်းတဲ့ အညိုရောင်မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။

နှစ်ယောက်သား အတန်းထဲက ထွက်သွားပြီး လူအနည်းငယ်သာရှိတဲ့ ထောင့်တစ်ခုဆီ သွားခဲ့ကြသည်။

“ငါ ငါ့သောက်မျက်စိတွေကို ဖွင့်လိုက်တော့ ငါ့အမေနဲ့ Maldives မှာ အပန်းဖြေခရီး ထွက်နေတယ်! Shit! ငါတို့ လမ်းပေါ်မှာ ကားအက်စီးဒင့် ဖြစ်တာ မှတ်မိတာ သေချာတယ်။ မသေသွားဘူးလား။ ငါတို့ မသေရင်တောင် vegas က ဆေးရုံမှာ မျက်လုံးပွင့်လာသင့်တာ”

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now