Chapter 23.5

8.9K 1.7K 98
                                    


(Unicode)

(Zawgyi)

မနက်ခင်းစာမေးပွဲက သချင်္ာဖြေရမှာဖြစ်သည်။ Yu Baizhou အမြင်တွင် အထက်တန်းကျောင်းမေးခွန်းလွှာရှိ မေးခွန်းအများစုက အခြေခံသာဖြစ်ပြီး ဦးနှောက်ခြောက်အောင် တွေးစရာမလိုပေ။

မေးခွန်းလွှာများ ဝေပြီးနောက် စာရွက်ပေါ်ရှိ မေးခွန်းများကို ခြုံငုံကြည့်လိုက်ပြီး အမှတ်ပေးပုံစည်းမျဉ်းကို အကြမ်းဖျင်းသဘောပေါက်သွားသည်။ ထို့နောက် မေးခွန်းတိုင်းအတွက် အမှတ်များကို တွက်ချက်ပြီး အောင်မှတ်ကျော်ရုံ ၉၀ မှတ်လောက် ရအောင်ယူရန် ဆုံးဖြတ်လိုက်သည်။

မူလပိုင်ရှင်၏ ပညာရေးအဆင့်အတန်းဖြင့် သူသာ ထိုအမှတ်ထက်များလျှင် ဆရာ/မများနှင့် အတန်းဖော်များက သူ့ကို သံသယဝင်ကြလိမ့်မည်။ ထိုအခါ သူနှင့်ရင်းနှီးလာသည့် သူများပင် ခိုးချသည်ဟု စွပ်စွဲလာနိုင်သည်။

ထို့ကြောင့် Yu Baizhou က စွန့်စားလိုက်ကာ တိုးတက်မှုရှိသရွေ့ အဆင်ပြေနိုင်သည်ဟု ထင်သည်။ တစ်ခါတည်း အလျင်စလိုလုပ်ရန် မလိုအပ်ချေ။ တစ်ဆင့်ချင်းသွားလျှင် မလိုအပ်သော ကိစ္စများကို ရှောင်ရှားနိုင်သည်။

Yu Baizhou မိနစ်သုံးဆယ်ကို မေးခွန်းတစ်ချို့ပြီးရန် သုံးလိုက်ပြီးနောက် ထပ်ဖြေရန်  တွေ့ကရာ မေးခွန်းအနည်းငယ်ကို ကောက်ဖြေလိုက်သည်။ ခန့်မှန်းအမှတ်ကို ရောက်အောင် ဖြေဆိုသည်ကို စစ်ပြီး သူ့မေးစေ့အောက်တွင် ဘောပင်ကို စလှည့်နေတော့သည်။

တော်တော်ထူးဆန်းနေသည်။ He Yan ၏ အိမ်က ပြန်လာချိန်မှစ၍ အားချိန် အနည်းငယ် ရှိလျှင်ပင် ထိုနေ့ညက ဖြစ်ခဲ့သည်ကို ပြန်စဉ်းစားဖြစ်သည်။

ထိုနေ့ညက သောက်ကြပြီး မေ့နေသည့် မှတ်ဉာဏ်များ ရှိသည်က သေချာသည်။ ဒါပေမယ့် He Yan က ဘာလို့ သောက်တုန်းက မေ့သွားတဲ့ ကိစ္စတွေကို ဒီလောက်စိတ်ပူနေတာလဲ။

အဲ့ဒီညက သူတို့ တစ်ခုခုဖြစ်ခဲ့လို့လား။

တော်တော်အရေးပါတဲ့ ကိစ္စကို သူမေ့သွားတာတော့ မဟုတ်နိုင်ဘူးမလား။

စာမေးပွဲအပြီးတွင် Yu Baizhou စိတ်ရှုပ်ရှုပ်နဲ့ စာမေးပွဲခန်းထဲက ထွက်လာသည်။ စာသင်ခန်းထဲမှာ အကြာကြီး ပြန်စဉ်းစားခဲ့ပေမယ့် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို တစ်ခုမှ မမှတ်မိပေ။ သူ့ခေါင်းကို ဆက်တိုက်ခေါက်လျှင်တောင် သူ့ခေါင်းက မြစ်ရေလိုမျိုး မှတ်ဉာဏ်တွေ ဆက်တိုက် ပေါ်လာမည့်အစား "ဒေါက် ဒေါက်" ဆိုသည့်အသံသာ ထွက်လာလိမ့်မည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now