Chapter 56

6.6K 1.1K 6
                                    

(Unicode)

Pan Yi သည် မီးဖိုချောင်မှ ပြန်လာသည့်အခါ လုပ်ဖော်ကိုင်ဖက်အချို့၏ အသံတိုးတိုးဖြင့် စကားစမြည်ပြောသည်ကို ကြားလိုက်ရသည်။ ကော်ဖီခွက်နှစ်ခွက်ကို လက်ထဲကိုင်ကာ သူ့ထိုင်ခုံဆီသို့ ပြန်လာပြီး သူ့ဘေးနားက He Yan ကို တီးတိုးပြောလိုက်သည်။  "Yan Ge မင်းကြားလား? Yi Haixiang က ဒီနေ့လည်ပိုင်းမှာ လာမယ်လို့ပြောတယ်။"

He Yan သည် မျက်လုံးများကို ပင့်ကာ သူ့ကို ကြည့်လိုက်သည်။

မွန်းလွဲပိုင်းတွင် ဝန်ထမ်းများအားလုံးက ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။

He Yan သည် အချိန်ကို မော့ကြည့်လိုက်ပြီး မတ်တပ်ထရပ်ကာ ထိုင်နေရာမှ ထထွက်သွားသည် ။

ရုံးခန်းအပြင်ဘက် စင်္ကြံဆီသို့ လျှောက်သွားစဉ် နောက်မှလိုက်နေသည့် လူတစ်စုနှင့်အတူ လမ်းလျှောက်နေသော Yi Haixiang ကို တွေ့လိုက်ရသည်။ He Yan က ယဉ်ယဉ်ကျေးကျေး ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး Yi Haixiang က သူ့ကို ခေါင်းညိတ်ပြသည်။

He Yan ဖြတ်သွားခါနီးမှာ သူ့ပိုက်ဆံအိတ်က မတော်တဆ ပြုတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီးငယ်တစ်ဦး၏ ပုံက အတူ ထွက်ကျလာသည်။ He Yan သည် ခဏတာ သူ့ကိုယ်သူ မေ့သွားပြီး သူ့ပိုက်ဆံအိတ်နှင့် ဓာတ်ပုံ နှစ်ခုလုံးကို ကောက်ယူတော့မည့်အချိန်တွင် Yi Haixiang က အရင် ဓာတ်ပုံကို ယူလိုက်သည်။

Yi Haixiang သည် ဓာတ်ပုံထဲက နုပျိုလှပသော အမျိုးသမီးကို စိုက်ကြည့်ရင်း သူ့စိတ်ထဲတွင် ထိန်းမနိုင်အောင် အံ့သြတုန်လှုပ်သွားသည်။ ဓာတ်ပုံထဲက သူကို စူးစူးစိုက်စိုက်ကြည့်ရင်း သူက He Yan ကို မေးလိုက်သည်။ “ဒီသူက မင်းနဲ့ ဘာတော်လဲ” လို့ မေးတယ်။

He Yan သည် အနည်းငယ် ထိတ်လန့်သွားကာ သူ့ကိုယ်သူစိတ်ပြန်စုစည်းရင်း “သူက ကျွန်တော့်အမေပါ” ဟု ပြန်မဖြေလိုက်သည်။

ဓာတ်ပုံကို ကိုင်ထားသော Yi Haixiang ၏ လက်က မသိမသာ တင်းကျပ်လာသည်။ "ဒါဆို မင်းအဖေရော"

He Yan က အနည်းငယ် ဝမ်းနည်းနေသလို အမူအရာဖြင့် ပြန်ဖြေသည်။ “ကျွန်တော့်အဖေက…… စိတ်မကောင်းစရာပဲ၊ ကျွန်တော် မမွေးခင်ကတည်းက ထွက်သွားခဲ့တယ်”

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now