Chapter 47

8.2K 1.4K 59
                                    


(Unicode)

Yu Baizhou သည် He Yan ၏ အဖြေကို ကြားလိုက်ရပြီး သူ့မျက်နှာက ရုတ်တရက် နီမြန်းသွားရသည်။

He Yan က သူကြိုက်တဲ့လူအကြောင်း ပြောနေတာကို နားထောင်ရင်း Tu Gaoming သိချင်လာတော့သည်။ မေးခွန်းတစ်ခုပြီးတစ်ခုမေးနေသော်လည်း He Yan သည် နောက်ထပ်အချက်အလက်များကို ထပ်ပြောပြရန် အစီအစဉ်မရှိပေ။

'ကြိုက်တယ်'။ Yu Baizhou သည် He Yan က သူ့ကို သဘောကျကြောင်း တိုက်ရိုက်ပြောသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ မြစ်ကမ်းတစ်လျှောက်မှာ လှေငယ်တစ်စင်းက မျောပါနေရာက ရုတ်တရက် ဆိုက်ကပ်ရာနေရာကိုကို တွေ့လိုက်ရသလိုပဲ၊ ဒီခံစားချက်က အရမ်းအံ့သြစရာကောင်းသည်။

Tu Gaoming က He Yan ကို အဖြေအတွက် He Yan ကို နှောင့်ယှက်ခဲ့ပြီး တစ်ဖက်က ဆက်တိုက်ငြင်းဆန်နေသောကြောင့် အဆုံးတွင် လက်လျှော့လိုက်ရသည်။ ခဏအကြာတွင် သူသည် ယခု ဆွေးနွေးမှုတွင် မပါဝင်ရဘဲ မျက်နှာနီရဲနေသော Yu Baizhou ကို အာရုံစိုက်မိသွားသည်။ သူက Yu Baizhou ကိုကြည့်ပြီး "ဘော့စ် မင်းမျက်နှာက ဘာလို့အရမ်းနီနေတာလဲ?"လို့ ပြောလိုက်သည်။

တံခါးနှင့် နီးသော စားပွဲတစ်ခုတွင် ထိုင်ကြပြီး အပြင်ဘက်တွင် အပူချိန်နိမ့်သောကြောင့် လူတစ်ယောက်အတွက် ပူရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။

Yu Baizhou သည် ပြန်လည်သတိဝင်လာပြီး သူ့မျက်နှာက အမှန်တကယ်ပင် ပူနေပြီဆိုတာကို သိလိုက်ရသည်။ Tu Gaoming ၏ ဦးနှောက်သည် လိုအပ်သည်ထက်ပို၍ အလုပ်လုပ်နေမည်ကို စိုးရိမ်သဖြင့သူက "ဘာမှမဟုတ်ဘူး။ ငါ အခုလေးတင် ငရုတ်သီးတစ်တောင့် စားမိသွားလို့။ ငါထင်ထားတာထက် စပ်နေတယ်"

Yu Baizhou ဟာ စပ်တဲ့အစားအစာတွေကို နှစ်သက်ပြီး ကူရှီယာကီစားတဲ့အခါ တုတ်ထိုးကို ငရုတ်ဆီများများနဲ့နှစ်ပြီး ရေတစ်ခွက်နဲ့စားရတာကို နှစ်သက်သည်။

ဤရှင်းပြချက်ကိုကြားတော့ Tu Gaoming က Yu Baizhou က ငရုတ်သီးကြောင့် ဖြစ်သွားသည်ဟု တကယ်ထင်သွားပြီး Yu Baizhou ကို အအေးတစ်ခွက် အမြန်လောင်းထည့်ပေးလိုက်သည်။

He Yan က ခပ်တိုးတိုးရယ်သည်။

သူတို့အဖွဲ့သည် စကားဝိုင်းကို အခြားအကြောင်းအရာများထံ လွှဲလိုက်ကြသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now