(Unicode)ကားက He Yan ၏ အောက်ထပ် အပြင်ဘက်တွင် ရပ်လိုက်ပြီး ဦးလေး Li သည် အပြင်ဘက်တွင် နေခဲ့ကာ Yu Baizhou က He Yan နှင့်အတူ ကားထဲမှ လိုက်ထွက်သွားခဲ့သည်။ Yu Baizhou သည် He Yan ကို အဆောက်အဦးထဲသို့ လိုက်ပို့ပေးလိုက်ပြီး နှစ်ယောက်စလုံး တံခါးဝသို့ ဝင်ကာ လှေကားနားတွင် ရပ်လိုက်ကြသည်။ တံခါးက အလိုလိုပိတ်သွားသည်။
လှေကားထစ်ရှိ မီးရောင်များ မှိန်ဖျော့ဖျော့ဖျော့နှင့် နေရာက ကျဉ်းမြောင်းလှပြီး တိတ်ဆိတ်လျက်ရှိသည်။
He Yan က သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ "အိုကေ၊ ငါ့ကို ဒီအထိဘဲ လိုက်ပို့တော့။ နောက်ကျနေပြီ၊ ပြန်ပြီး အနားယူတော့။"
He Yan က လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း Yu Baizhou သည် သူလက်ကိုင်ထားသည်ကို မလွှတ်ပေး။
လက်နှစ်ဖက်က ကိုင်ထားလျက်ရှိသေးသည်။
Yu Baizhou က သူ့ကို ဒီအနေအထားအတိုင်း ရပ်ကြည့်နေသည်။ "အမ်၊ မင်း မသွားခင် တစ်ခုခု မလုပ်ချင်ဘူးလား"
ထိုသို့ပြောပြီး သူ့အောက်နှုတ်ခမ်းကို ဖိလိုက်တယ်။ အဓိပ္ပါယ်က နေ့ခင်းလို ရှင်းလင်းလှသည်။
Yu Baizhou ၏စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူနားလည်သဘောပေါက်ပြီး စက္ကန့်ဝက်မျှ ရပ်တန့်သွားသည်။ သူ မပြုံးနိုင်ဘဲ မနေနိုင်ပေ။
Yu Baizhou က သူ့ကို အမြဲတမ်း အသစ်အဆန်းခံစားမှုကို ပေးသည်။ သူတို့နှစ်ယောက် မတွဲရသေးတဲ့ အချိန်တွေမှာ မကြာခဏ ကျီစားမှုလေးတွေက Yu Baizhou ကို ရှက်ရွံ့စွာ ပျာယာခတ်သွားစေသည်။ ဝန်ခံသည့်နေ့တွင် နားရွက်ပေါ်မှ အနမ်းဖျော့ဖျော့လေးကြောင့် သူ့မျက်နှာမှာ နီရဲနေခဲ့သည်။ ယခု သူ့တွင် ရံဖန်ရံခါ ရှက်ရွံ့မှုကို တွေ့ရသော်လည်း၊ သူ အစပြုသည့် အချိန်တွင်မူ လုံးဝ ကွဲပြားသွားသည်။ သူ့မျက်နှာမှာ ရှက်ရွံ့မှု လုံးဝမတွေ့ရဘဲ အလွန်နှစ်လိုဖွယ်ကောင်းသည်။
[T/N- သွေးဆောင်ဖျားယောင်းတဲ့ပုံပေါက်နေတယ်လို့လည်း ပြန်လို့ရပါတယ်]
ဒါပေမယ့် ...... သူ့ကိုယ်သူ ထိန်းချုပ်ရမည်။
Yu Baizhou က သူတောင်းဆိုတာကို စောင့်မျှော်နေပေမယ့် အချိန်အတော်ကြာအောင် စောင့်နေပြီးသည့်အခါတွင်ပင် သူ့ရှေ့ကလူက မလှုပ်သေးပေ။ သူက အစပြုပြီး He Yan ၏လက်တစ်ဖက်ကို သူ့ကိုယ်ထဲတွင် ဆုပ်ကိုင်ထားကာ တောက်ပသော မျက်လုံးများဖြင့် သူ့ကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။
YOU ARE READING
Transmigrated into a School Idol and Forced to Do Business
RomanceMyanmar translation (မြန်မာဘာသာပြန်) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61 + extra retranslated from CWAS translations