Chapter 50

7.7K 1.3K 15
                                    

(Unicode)

ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အပြီးတွင် Li Siqi သည် အတန်းဖော်များနှင့်အတူ စာသင်ခန်းမှ ထွက်လာခဲ့သည်။ သူမက ပင်မဧည့်ခန်းသို့ ရောက်နေပြီ ဖြစ်သော်လည်း ရှေ့တွင် သံသယဝင်စရာကောင်းသည့် လူတစ်ယောက်ကို မြင်ကာ ဝတ်ဆင်ထားသည့် ကျောင်းလွယ်အိတ်ကြိုးများကို မသိစိတ်က တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး ဘေးနားရှိ မိန်းကလေးနှင့် စကားစမြည်ပြောနေဟန်ဆောင်လိုက်သည်။

သူမ၏ အတွင်းစိတ်ထိတ်လန့်မှုကို ဖုံးကွယ်ထားရန်ပင်ဖြစ်သည်။

ပင်မအဆောက်အဦး၏ ပထမထပ်စင်္ကြံတွင် အတန်းများမရှိသည့်အပြင် ထိုအခန်းများကို အခြားရည်ရွယ်ချက်များအတွက် အသုံးပြုသည်။ ထိုအချိန်တွင် စာသင်ခန်းရှိ မီးများသည် အများစုက မှိန်ဖျော့နေကာ စင်္ကြံများတွင် မီးများရှိနေသော်လည်း အပေါ်ထပ်များတွင် အသုံးပြုသည့် မီးများကဲ့သို့ တောက်ပခြင်းမရှိပေ။

Li Siqi က ခေါင်းငုံ့ကာ လမ်းလျှောက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်သွားပြီးချိန်တွင်ပင် သူမ၏ပုံရိပ်ကို ရှေ့မှထွက်လာသော အရိပ်တစ်ခုက ဖုံးလွှမ်းသွားခဲ့သည်။ သူမ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ မကြာသေးမီက မီတာဆယ့်နှစ်မီတာကျော် အကွာအဝေးမှ လူသည် ယခု သူမရှေ့တွင် ရပ်နေသည်ကို တွေ့ရသည်။

He Yan သည် သူ့ပခုံးနားကိုသာရှိသည့် မိန်းကလေးကို Li Bei ကဲ့သို့ တစ်ဖက်လူအတွက် နေရာလွတ်ချန်ထားခြင်းမရှိဘဲ ငုံ့ကြည့်လိုက်သည်။ သူက အကြောင်းရင်းကို တည့်တိုးပြောလိုက်သည်။ "Li Siqi? မင်းက ဖိုရမ်မှာ တင်ခဲ့တဲ့သူလား။"

Li Siqi ၏ အသက်ရှုသံက ရပ်တန့်သွားရသည်။

Li Siqi ပတ်ဝန်းကျင်ရှိ မိန်းကလေးများက သူတို့ကို သံသယဖြင့် ကြည့်နေကြသည်။ ဒီအချိန်မှာ သူတို့နားကအခြေအနေက သိပ်မကောင်းဘူးဆိုတာကို သူတို့ သဘောပေါက်သွားပုံရပြီး သူမအဖြေကိုပင် မစောင့်တော့ဘဲ စကားအနည်းငယ်ပြောကာ ထွက်သွားကြသည်။

Li Siqi က သူတို့ကို ဆက်နေစေချင်ပေမယ့် တစ်ဖက်လူတွေက သူမကို ကျောခိုင်းသွားကြပြီဖြစ်၍ ဘာမှမတတ်နိုင်တော့ပေ။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now