(Unicode)
Yu Baizhou က He Yan ရဲ့ လေးလေးနက်နက် အမူအရာကို စိုက်ကြည့်လိုက်တယ်။
"အိုး ဟင်? ပထမနေ့?"He Yan က ပါးတွေနီမြန်းနေတဲ့ Yu Baizhou ကို ကြည့်ရင်း အံ့အားသင့်မိသည်။ Yu Baizhou မှာ အရက်သိပ်မသောက်နိုင်မှန်း မသိခဲ့ချေ။
ဒီလူသာ နောက်ထပ်သောက်ပြီး ဘာမှမမှတ်မိလျှင် သူပြောသမျှ စကားတွေအကုန်လုံးက အချည်းနှီးမဖြစ်သွားဘူးလား။
He Yan က ကိုယ့်ဘာသာကိုယ် ရယ်လိုက်မိသည်။ သူ့လိုလူမျိုးက ကိစ္စတစ်ခုခုအပေါ် ဒီလို စိုးရိမ်ကြောင့်ကြရလာမည်မှန်း မထင်ထားခဲ့ပေ။
နောက်ထပ် အကြောင်းတွေ ထပ်မပြောခင် ထိုသူ အရင် အမူးပြေသွားသည်အထိ စောင့်သည်က ပိုကောင်းလိမ့်မည်။
သူက Yu Baizhou လက်ထဲက ဘီယာဘူးကို ပြန်ယူလိုက်သည်။
"အိုကေ။ ထပ်မသောက်နဲ့တော့"Yu Baizhou လက်က လျော့သွားသည့်အချိန် He Yan က ဘူးကို ပြန်ယူလိုက်သည်။
သူ့မေးကို မော့လိုက်ပြီး မကျေမနပ်နဲ့ He Yan ကို မျက်စောင်းထိုး ကြည့်လာသည်။
He Yan က ထိုကောင်လေး၏ မမျှော််လင့်ထားသည့် ချစ်စရာကောင်းသည့် ပုံကို ကြည့်လိုက်သည်။ ထိုသူ၏ ဆံပင်ကို ဖွချင်သည့် စိတ်ကို ထိန်းချုပ်ရင်း ဘီယာတစ်ငုံကို သောက်လိုက်သည်။
Yu Baizhou က သူ့ဘယ်ဘက်လက်ကို ဖက်ရင်း တစ်ဖက်လူကို စကားမပြောချင်ဟန်ဖြင့် ဝရန်တာကို မှီထားသည်။
ဘေးချင်းဆိုင် ရပ်နေကြသည့် သူတို့အပေါ်ထပ်အကျီင်္တွေကို ညလေညင်းက ညင်သာစွာ ဖြတ်တိုက်သွားသည်။
ခဏကြာတော့ Yu Baizhou က မေးသည်။
"မင်း ခုနတုန်းက ဘာပြောလိုက်တာလဲ"He Yan က အိတ်ကပ်ထဲကို လက်တစ်ဖက် ထည့်လိုက်သည်။
"ဘာကိုလဲ"Yu Baizhou က သူ့လက်ကို ဖက်ရင်း ဆက်ပြောသည်။
"ပထမနေ့ဆိုတဲ့ဟာလေ"He Yan က သူ့ဘေးက သူကို လှည့်ကြည့်လိုက်တယ်။
"မင်း မူးနေပြီ"Yu Baizhou က ပြောစရာစကားမရှိဖြစ်သွားသည်။
"Da Ge? ငါမူးနေပြီလို့ ဘယ်သူကပြောလဲ။ ငါ မမူးဘူး အိုကေ။ ဘယ်လို မူးနေတဲ့ လူက ဒီလို စကားကောင်းကောင်းပြောနိုင်မှာလဲ"
YOU ARE READING
Transmigrated into a School Idol and Forced to Do Business
RomanceMyanmar translation (မြန်မာဘာသာပြန်) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61 + extra retranslated from CWAS translations