Chapter 35.5

7.9K 1.4K 26
                                    


မနေ့က စာကျန်သွားလို့

(Unicode)

အားကစားကွင်း တစ်နေရာတွင် Bi Xuan က Qin Hai ဆီက သတင်းကြားပြီး ဘေးက Li Qin ကို လှမ်းပြောလိုက်သည်။

"Qing Qing နင် ခြေသုံးထောက်ထောက်ပြိုင်ပွဲအတွင် Zhai Dian နေရာမှာ အစားထိုးမယ့်လူကို မှန်းကြည့်လိုက်"

Li Qing က ကောက်နေတဲ့ ဆံပင်နက်နက်တွေကို စည်းလိုက်ပြီး ထိုအကြောင်းကို စိတ်မဝင်စားဟန် ရှိသည်။

"ဘယ်သူလဲ"

မျက်နှာမှာ အပြုံးရိပ် ထင်လာရင်း Bi Xuan က နာမည်ကို ပြောလိုက်သည်။
"He Yan"

Li Qin မျက်နှာထားက နည်းနည်းပြောင်းလဲလာသည်။
"တကယ်လား"

Bi Xuan က ပြန်ပြောသည်။
"အမှန်ဘဲ။ သူတို့ပြောတာ သူ့ဘာသာ စာရင်းသွင်းလာတာတဲ့။ နင်ပြောကြည့် သူ…သူနင့်ကို စိတ်ဝင်စားနေတယ်လို့ ထင်လား"

Li Qing နှလုံးသားက တစ်ချက် ခုန်သွားပြီး မျက်နှာ အနေအထားကလည်း ဖုံးကွယ်ထားလို့ မရပေ။ နှုတ်ခမ်းထောင့်စွန်းတွေက ကော့ညွှတ်လာပြီး ဘာမှမပြောဘဲ ဘေးက ကောင်မလေးကို လက်နဲ့ တွန်းထုတ်သယောင် ပြုလိုက်သည်။

Bi Xuan က တစ်ခုခုကို စဉ်းစားမိပြီး မေးလာသည်။
"ဟုတ်သားဘဲ အဲ့ဒီရည်းစားစာ။ He Yan က အဲ့တာကို နင်ပို့တယ်ဆိုတာ မသိလောက်သေးဘူးထင်တယ်။ နင် သူ့ကို ပြောဖို့ စိတ်ကူးထားလား"

Li Qing က ချက်ချင်း သူ(မ)ကို တိတ်တိတ်နေဖို့ ဟန်ပြလိုက်ပြီး ပြန်မပြောခင် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"နင် ဘာမှပြောလို့ မရဘူးနော်။ သူ့ကို မသိစေနဲ့။ အဲ့ဒီရည်းစားစာက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပို့တာ မဟုတ်ဘူးဆိုတာ ငါဝန်ခံပါတယ်။ သူသာ အခုသိသွားရင် ငါတို့ကြား အခွင့်အရေးမရှိ ုဖြစ်သွားလိမ့်မယ်"

Bi Xuan က မေးလိုက်သည်။
"နင် သူနဲ့ တကယ်တွဲချင်တာလား။ အခုလောလောဆယ် သူက မိန်းကလေးတွေတော်တော်များများကြားမှာ နာမည်ကြီး ဖြစ်နေတာနော်။ အပြိုင်အဆိုင်ဘယ်လောက်ကြီးလဲသိရဲ့လား"

Li Qing က ဆံပင်ကို တစ်ချက် သပ်လိုက်ပြီး မထူးဆန်းတဲ့ပုံဖြင့် သူ(မ)လက်တွေကို အချင်းချင်း အုပ်ကိုင်လိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now