Extra

12.6K 1.3K 69
                                    


(Unicode)

Yu Baizhou ကို အနက်ရောင် ဝတ်ဆင်ထားသော လူတစ်စုက မြို့အနှံ့ လိုက်ဖမ်းနေသည်။ ရုတ်​တရက်​ပင်​ သူ့​ရှေ့က မြို့​လေးက သမုဒ္ဒရာကြီးတစ်​ခုအဖြစ်​သို့​ပြောင်းလဲသွားသည်​။ အခြားရွေးချယ်စရာမရှိ၍ ပင်လယ်ထဲသို့သာ ခုန်ဆင်းလိုက်ရသော်လည်း သူ့အား ဝန်းရံထားသော ရေဘဝဲအုပ်စုတစ်စုက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တင်းတင်းကြပ်ကြပ် တွယ်ကပ်ထားသည်။ Yu Baizhou သည် သေလော်အောင်ပင် ကြောက်လန့်နေသော်လည်း ရေဘဝဲများ၏လက်တံများက သူ၏အရေပြားကို ဆက်လက်စုပ်ယူနေသည်။ Yu Baizhou လည်း ထိုပျော့နေသော ခြေလက်များကို တွန်းထုတ်လိုက်သည်။

"ရေဘဝဲစုတ်တွေ၊ သွားစမ်း။ မင်းတို့က ခြေတံလက်တံတွေနဲ့ဘီလူးတွေ ahhhhh!"

အော်ဟစ်ရင်း Yu Baizhou လန့်နိုးလာပြီးနောက် ကုတင်ဘေးကနေရာက လွတ်နေပြီး သူ့ဘေးနားက စောင်တွေ စုတ်ပြဲနေတာကို တွေ့လိုက်ရသည်။

စောင်ကို မြှောက်လိုက်သောအခါ He Yan က သူ့ရင်ဘတ်ကို ဒုက္ခပေးနေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်သူနိုးလာသည်ကိုမြင်တော့ ထိုအမျိုးသားက "နိုးပြီလား" ဟု ပြောဖို့ ခေါင်းကို မော့ထားဖို့ကိုလည်း မမေ့ချေ။

Yu Baizhou: "......"

ခြေတံလက်တံတွေနဲ့ဘီလူးကြီး-He Yan!

He Yan က ထလိုက်ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်တယ်။ "နှိုးစက်မြည်နေတာ အကြာကြီးရှိနေတာတောင် မင်းက မနိုးသေးလို့လေ။ မင်းအလုပ်နောက်ကျမှာစိုးလို့ အထူးဝန်ဆောင်မှုကိုသုံးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။"

နောက်ကျတယ့်အကြောင်းပြောမှ...

Yu Baizhou သည် နှိုးစက်နာရီပေါ်မှ အချိန်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူစတင်အော်ဟစ်တော့သည်။ "Ahhhhhhhhh! နာရီဝက်ပဲကျန်တော့တယ်။ ဟေ့ကောင်၊ ငါအဆင်သင့်ပြင်ဖို့ ဆယ်မိနစ်ပဲရတော့တယ် မင်းငါ့ကိုဘာလို့စောစောမနိုးတာလဲ!!"

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် Yu Baizhou သည် ပြည်သူ့ဝန်ထမ်းအဖြစ် အလုပ်ခန့်ခံခဲ့ရကာ He Yan က Yi Ke မှထွက်ပြီးနောက် ကိုယ်ပိုင်ကုမ္ပဏီကိုထောင်ကာ သူ၏လုပ်ငန်းဟောင်းကို ပြန်လည်လုပ်ကိုင်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now