(Unicode)He Yan က သူ့ကောင်လေးကို ပွေ့ဖက်လိုက်သည်။ သူ့ရင်ခွင်ထဲက ကောင်လေးက သူ့ရင်ဘတ်နားကပ်ပြီး အိပ်ပျော်သွားပေမယ့် သူကလုံးဝမအိပ်ပျော်ပေ။
ညနေခင်းတွင် Pei Xuan မှ Yu Baizhou ကို ခေါ်ဆောင်သွားခြင်းကို တွေးမိရုံမျှဖြင့် He Yan ၏ ရင်ဘတ်တွင် မီးလောင်ကျွမ်းနေသလို ခံစားရသည်။
သူထင်ထားတဲ့အတိုင်းပင်။ Yu Baizhou ၏ကိုယ်ခန္ဓာအတွင်းရှိ ဝိညာဉ်က ပြောင်းလဲသွားသော်လည်း၊ Yu Baizhou ကို လက်စားချေရန် စိတ်ကူးများကို စွန့်လွှတ်လိုက်သော်လည်း အချို့အရာများသည် ၎င်းတို့၏ မူလလမ်းကြောင်းမှ မလွဲသွားပေ။
Yu Baizhou ခန္ဓာ 'ပိုင်ရှင်' ပြောင်းလဲသွားခြင်းနှင့်အတူ အခြားအရာအားလုံးသည် ပြောင်းလဲမှုနှင့်အတူ လိုက်လာမည်ဟု အစက သူမျှော်လင့်ချက်အချို့ကို ထားခဲ့သည်။ သို့သော် လက်တွေ့မှာ သူထင်သလောက် အဆင်ပြေချောမွေ့ခြင်းမရှိ။
Yu Baizhou သည် သေးငယ်သော အဖြစ်အပျက်အချို့ကို ပြောင်းလဲနိုင်သော်လည်း အခြားအရာများ၏ ယေဘုယျရလဒ်ကိုမူ မပြောင်းလဲနိုင်ခဲ့ပေ။
ယခုအချိန်အထိ Yu Baizhou သည် ဗဟိုချက်မတွင်ရှိနေဆဲဖြစ်သည်။ Yu Chen နှင့် Fu Xia တို့အတွက်မူ သူတို့သာဂရုမမူပါက အန္တရာယ်ရှိသော အခြေအနေသို့ နောက်တစ်ကြိမ် ဆွဲသွင်းခံရမည်ဖြစ်သည်။
Fu Xia နှင့် Yu Chen သည် Yu Baizhou အတွက် မည်မျှအဓိပ္ပါယ်ရှိသည်ကို He Yan ရှင်းရှင်းလင်းလင်းသိနေသောကြောင့် Yu Baizhou ကို ကာကွယ်ရန်အတွက်ဖြစ်စေ သူ့အဖေနှစ်ဦးအတွက်ဖြစ်စေ Pei မိသားစု၏ ညီအကိုနှစ်ယောက်ကို ယခုတစ်ကြိမ်တွင် အောင်မြင်စေရန် လွှတ်ထားမည်မဟုတ်ပေ။
မူလက He Yan သည် တဖြည်းဖြည်း ပြင်ဆင်ရန် အချိန်လုံလောက်သည်ဟု ယုံကြည်ခဲ့သော်လည်း ယခုအချိန်ဇယားကို ရှေ့သို့ကြိုတင်တိုးထားရန် လိုအပ်နေသည်။
နောက်တစ်နေ့တွင် Yu Baizhou နိုးလာသောအခါ နေရောင်သည် သူ့မျက်နှာကို တိုက်ရိုက်ကျရောက်သာ နေရာတွင် ရောက်နေသည်။ သူ့ခန္ဓာကိုယ်ကို ကုတင်ပေါ်တွင် ဆန့်တန်းလိုက်ပြီး သူ့ဘေးနားက နေရာလွတ်ကို ထိတွေ့ဖို့ သူ့လက်ကိုစမ်းလိုက်သည့်အခါ ထိုနေရာက နွေးထွေးမှုပင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ သေချာပြန်ကြည့်တော့ နေရာက အမှန်ပင် လွတ်နေသည်။
YOU ARE READING
Transmigrated into a School Idol and Forced to Do Business
RomanceMyanmar translation (မြန်မာဘာသာပြန်) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61 + extra retranslated from CWAS translations