Chapter 29

9K 1.5K 37
                                    


(Unicode)

Yu Baizhou စကားပြောလို့ ပြီးသွားတော့ နှစ်ယောက်လုံးက ကျောက်ရုပ်လို တောင့်ခဲကုန်သည်။

သူတို့တုံ့ပြန်ပုံကို ကြည့်ရင်း Yu Baizhou တော်တော်အံ့သြမိသည်။ သူတစ်ခုခုများ မှားပြောမိလို့လား။

Yu Baizhou အတွေးကတော့ ဒီလိုဖြစ်သည်။ နှစ်ယောက်လုံးက သူ့သူငယ်ချင်းကောင်းတွေဖြစ်ပြီး Li Bei နှင့် He Yan က အရင်ကိစ္စတွေကြောင့် ဆက်ဆံရေး မကောင်းပေမယ့် သူနဲ့ He Yan လိုမျိုး တဖြည်းဖြည်းချင်း ပြောင်းလဲလို့ ရနိုင်သည်။ အရင်က နှစ်ယောက်လုံး ရန်သူတွေ ဖြစ်ပေမယ့် အခု သူတို့က အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား။ ထို့ကြောင့် သူက သူတို့နှစ်ယောက် သူငယ်ချင်း ဖြစ်လာအောင် တွန်းပို့ပေးမည်။ ထိုမှသာ သူတို့သုံးယောက်အကြား တင်းမာမှုကလည်း လျော့လာမည်။

ဒါပေမယ့်...

သူ့စကား ကြားပြီး ဒီနှစ်ယောက်ပုံစံက ဘာလို့ ဒီလောက်ထူးဆန်းနေတာလဲ။

Li Bei သူ့ရှေ့က He Yan ကို ကြည့်လိုက်ပြီး စကားအရင်စလာသည်။
"ရတယ်။ ငါဂရုမစိုက်ဘူး။" He Yan ဘက် လှည့်မေးလိုက်သည်။
"He Yan မင်းက ငါတို့နဲ့ လိုက်မှာလား"

Li Bei စကားက ရိုးရိုးရှင်းရှင်း မေးခွန်းလေး ဖြစ်သော်လည်း "ငါတို့" ဆိုသည့် အသုံးက သုံးယောက်ကို နှစ်ဖွဲ့ခွဲလိုက်သလို ဖြစ်နေသည်။ သူနှင့် Yu Baizhou က တစ်ဖွဲ့ He Yan က တစ်ဖွဲ့ ဖြစ်နေသည်။ တစ်ချိန်တည်းမှာဘဲ သူက စကားကို ဦးဆောင်ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ယခုမေးခွန်းက သူတို့သုံးယောက်အတူ ထမင်းစားမလားဆိုတာထက် He Yan က သူနှင့် Yu Baizhou တို့ ထမင်းစားသွားမည်ကို လိုက်မည်လားဟု အဓိပ္ပါယ်ရသည်။ ဒါက He Yan ကို လမ်းပိတ်လိုက်သလို ဖြစ်သည်။

He Yan က မျက်မှောင်ပိုကုတ်သွားသည်။ ဒါကို ကြားပြီး ချက်ချင်းပြန်မဖြေဘဲ Yu Baizhou ဘက်ကို ငုံ့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးသည်။
"ငါတို့သုံးယောက် အတူတူသွားရင် ကောင်းမယ်ထင်လား။ ဒါမှမဟုတ် မင်း Li Bei နဲ့ဘဲ လိုက်သွားမလား"

He Yan က သူ့ကို Li Bei ထက် တည့်မေးလာပြီး "ငါတို့သုံးယောက်" ဆိုတာကို ဖိပြောထားသည်။ နှစ်ဖွဲ့ကို သုံးယောက်သို့ ပြန်ခွဲနေခြင်းပင်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now