Chapter 42

8.7K 1.4K 18
                                    


(Unicode)

Yu Baizhou က Li Bei like လုပ်ရန်မစောင့်နိုင်ခဲ့ပေ။ He Yan ရဲ့ ကောမန့်ကိုမြင်ပြီး ရုတ်တရက် သူ့ပါးနှစ်ဖက်က နီမြန်းလာတော့သည်။

He Yan က သူ့ကိုလိုက်မည်ဟု ပြောထားသည့်အတိုင်း လွန်ခဲ့သည့်နှစ်ပတ်အတွင်း အပတ်တကုတ်ကြိုးစားနေသည်။ သို့သော်လည်း He Yan က အမြဲ စကားထက် အလုပ်နှင့် သက်သေပြတတ်သည်။ ယခုအကြိမ်က ထိုသူ ပထမဆုံးအကြိမ် တည့်တိုးပြောလာသည့်အကြိမ်ပင်။

Li Bei က စိတ်ရှုပ်ထွေးစွာနဲ့ ကောမန့်ကို ကြည့်လိုက်သည်။ အားကစားပွဲတုန်းက သူ He Yan နှင့် ဗီဒီယိုဂိမ်းများ ကစားခဲ့သည်။ ထိုအချိန်က သူတို့နှစ်ယောက်လုံး WeChat အကောင့်များကိုသုံးပြီးနောက်ပိုင်း အွန်လိုင်းတွင် တစ်ပွဲနှစ်ပွဲဆော့လေ့ရှိသောကြောင့် သူတို့အချင်းချင်း WeChat အကောင့်များအပ်(add) လိုက်ကြသည်။

ထိုသို့အွန်လိုင်းပေါ်တွင် သူငယ်ချင်းဖြစ်သွားခြင်းက လူတို့၏အကျင့်စရိုက်ကို ပိုမိုသိရှိမြင်သာလာစေသည်။

Li Bei လည်း ယခု He Yan ကို သေချာသိရှိလာရသည်။

He Yan က Yu Baizhou ကို မည်မျှပင်စိတ်ဝင်စားသည်ဖြစ်စေ ထိုသူက သူ့အတွေးစိတ်ကူးများကို အနည်းဆုံး ဖုံးကွယ်ရန်စဉ်းစားလိမ့်မည်ဟုထင်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက သူ့အပြုအမူများကို ယခုကဲ့သို့ အွန်လိုင်းပေါ်တွင် ပြောင်ပြောင်တင်းတင်း ပြုမူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

Li Bei ကောမန့်ကို ပိုကြည့်လေလေ သူမုန်းလာမိလေလေပင်။ ပို့စ်ကို like နှိပ်ပြီး He Yan ကို အစက်ခြောက်စက်ဖြင့် ရီပလိုင်းပြန်လိုက်သည်။

သူတကယ်ကိုပြောစရာမရှိတော့ပေ။

Yu Baizhou က အစတွင် He Yan ကောမန့်ကို Li Bei အထင်လွဲမည်စိုးရိမ်မိသော်လည်း သူရှင်းပြရန်စိတ်ကူးအပြီးတွင်ပင် Li Bei က သူ့ဖုန်းကို ချလိုက်ပြီး ဆက်သွားကြရန်ပြောလာသည်။

ရုတ်တရက် Yu Baizhou သည် Li Bei က သူထင်ထားသည်ထက် ပိုသဘောကောင်းကြောင်း တွေးမိသည်။ ဒါက တကယ့်အဖြောင့်ယောကျ်ားတစ်ယောက်ပင်။

သူ့က ကောင်မလေးတစ်ယောက်သူ့ကိုလိုက်နေသည်ဟု ပြောလိုက်စဉ် ခဏရပ်တန့်သွားခြင်းကိုမူ Li Bei ကဲ့သို့အဖြောင့်များပင် ကိစ္စသစ်များတွေ့ကြုံရသောအခါ စိတ်ရှုပ်ထွေးသွားခြင်းဟုသာ မှတ်ထင်လိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now