Chapter 11

9.5K 1.7K 86
                                    

(Unicode)

ထိုမှန်းဆချက်ကို Yu Baizhou မြင်သောအခါ နောက်နေ့မနက်ပင်ရောက်နေလေပြီ။

သူမကြာခင်နိုးပြီး ယမန်နေ့က အိမ်မက်ဆိုးမက်သည်ဟု ထင်ရသည်။ သူ့ခေါင်းက မူးဝေနေပြီး တစ်ယောက်ယောက်က ဒေါသဖြင့်တတွတ်တွတ်ပြောနေသလို ခံစားရသည်။ သူမည်မျှအိပ်အိပ် အနားယူ၍ရတော့မည်မဟုတ်။

အိမ်မက်ဆိုးက နာကျင်ဖို့ကောင်းသည်။

အချိန်ကစောနေတုန်းပင်။ Yu Baizhou ရေချိူုးပြီး ကျောင်းအင်္ကျီယူနီဖောင်းကို ဖြည်းဖြည်းချင်း ဝတ်လိုက်သည်။ သူထွက်သွားတော့မလိုပြုစဉ်မှာပင် Fu Xia က သူ့ကို ခေါ်လိုက်သည်။ "ခဏလေး။ ငါနဲ့မင်းအဖေ ကျောင်းကို လိုက်ပို့ပေးမယ်"

ဒီနေ့တွင် Yu Chen နဲ့ Fu Xia က အလုပ် meeting တစ်ခုကို အတူတက်ရမည်ဖြစ်ပြီး သူ့လိုပင် စောစောထရသည်။

"ဟုတ်" Yu Baizhou ကျိုးနွံစွာ ပြန်ဖြေလိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ အဖေနှစ်ယောက်ကို စောင့်နေလိုက်သည်။

သူ့ဖေဖေက အခြားအဖေတစ်ယောက်ရဲ့ လည်စည်းကို ချည်ပေးနေသည်။ ဖြတ်ခနဲကြည့်စဉ်တွင် ပိုးသားလည်စည်းက တန်ဖိုးရှိသည်ထင်ရသော်လည်း အမှန်က ထိုတန်ဖိုးထက်အရေးပါသော အရာက ထိုနောက်ကွယ်က အဓိပ္ပါယ်ဖြစ်သည်။ ထိုလည်စည်းက သူတို့၏ မင်္ဂလာနှစ်ပတ်လည်တွင် Fu Xia က Yu Chen ကိုပေးသည့် လက်ဆောင်ဖြစ်ပြီး Yu Chen ၏ အကြိုက်ဆုံးလည်စည်းလည်း ဖြစ်သည်။

Yu Baizhou မိနစ်အနည်းငယ် စောင့်နေရင်း အိပ်ချင်လာကာ ပါးစပ်က သမ်းမိသွားသည်။ ပျင်းလာတာကြောင့် Weibo တွင် လက်ရှိပေါ်ပြူလာဖြစ်နေသော ရှာဖွေမှုများကို ကြည့်လိုက်သည်။ သို့သော် လက်ချောင်းကို ဆန့်လိုက်ရင်း မမျှော်လင့်ဘဲ တစ်ချက်သန်းဝေသွားကာ မူလနှိပ်လိုက်သောဖိုရမ်၏ဘေးကို မတော်တဆ နှိပ်မိသွားသည်။

Yu Baizhou မျက်လုံးကို ပွတ်လိုက်သည်။ ဘာအကြောင်းဘဲဖြစ်ဖြစ် အချိန်ကုန်အောင် သုံးနေခြင်းဖြစ်သည့်အတွက် ဘာပို့စ်ဖြစ်ဖြစ် ကိစ္စမရှိပေ။ ထို့ကြောင့် ဖိုရမ်ကို ကြည့်နေရင်း ဆွဲချလိုက်ကာ သူ့ကျောင်းဖိုရမ်တွင် ထူးဆန်းသောပို့စ်တစ်ခုကို မတွေ့ခင်အထိပင်။ အရေးကြီးသော အကြောင်းတစ်ခုခုကို ဆွေးနွေးသည့်ပုံ ပေါ်နေသောကြောင့် ပိုု့စ်ကို နှိပ်လိုက်သည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now