Chapter 9

10.1K 1.7K 40
                                    

(Unicode)

He Yan မျက်လုံးတွေက မယုံကြည်နိုင်ဟန် ပေါ်နေသည်။ သူ့အသံကို တိုးလိုက်တယ်။
"...အတူတူနေမယ်?"

Yu Baizhou က သူစိုးရိမ်စိတ်များပြီး စကားလုံးတွေက အဓိပ္ပါယ်လွဲကုန်တာ သတိထားမိပြီး အမြန် ပြန်ပြောလိုက်တယ်။ "မဟုတ်ဘူး။ အတူနေတာမဟုတ်ဘူး။ ငါပြောချင်တာက ငါမင်းနဲ့ အတူ ပိုရှိချင်တာလို့ ပြောတာ"

"ရှိ"ဆိုတဲ့စကားလုံးကို သူတမင် ဖိပြောလိုက်သည်။

Yu Baizhou က သူ့ရှင်းလင်းချက်ကို အဆုံးသတ်ပြီး He Yan ရဲ့ ပြန်အဖြေကို စောင့်နေသည်။

He Yan က Yu Baizhou ရဲ့ တုန်လှုပ်နေတဲ့ ပုံစံကို ကြည့်လိုက်သည်။ သူ့စိတ်က ရှုပ်ထွေးသွားသည်။

သူမနေ့က ရခဲ့တဲ့ ပရင့်ထုတ်ထားတဲ့ ရည်းစားစာကို Yu Baizhou ၏ နောက်ပြောင်မှုများထဲမှ တစ်ခုဟု ထင်ခဲ့သည်။ ဒါပေမယ့် အခုမြင်ရတာက...

ကိုယ်တိုင်လက်ရေးနဲ့ မရေးတာက သိသွားမှာစိုးလို့လား။ ကမန်းကတန်းရှင်းပြတာကရော ပေါ်သွားမှာ ကြောက်လို့လား?

He Yan ရဲ့ လှပတဲ့ မျက်လုံးတွေက အတွေးတွေနဲ့ ပြည့်နေသည်။

နှစ်ယောက်လုံးက ဘာမှဆက်မပြောတဲ့အချိန်မှာ Li Bei က သူတို့ဘက်ကို လျှောက်လာတယ်။ သူ့မျက်လုံးတွေက He Yan လက်ကို ကိုင်ထားသေးတဲ့ Yu Baizhou လက်ကို အကြည့်ရောက်သွားပြီး နှစ်ယောက်လုံးကို သံသယအကြည့်တွေနဲ့ ကြည့်နေတယ်။

He Yan အကြည့်တွေက Yu Baizhou လက်ကို ကြည့်ပြီး ကျဉ်းမြောင်းသွားသည်။ "လွှတ်"

ဤသည်ကိုကြားပြီး Yu Baizhou က နောက်ဆုံး တုံ့ပြန်လာပြီး သူကိုင်ထားတာကို လွှတ်လိုက်သည်။

Yu Baizhou က He Yan စကားနားထောင်တာကို တွေ့ပြီး Li Bei အံ့သြသွားရသည်။

Yu Baizhou ရဲ့ ပန်းကန်က ဟင်းတွေ အေးနေတာကို တွေ့တော့ သူက ဂရုတစိုက်အသံဖြင့် မေးသည်။
"မင်း ဒီနေ့ ဘာလို့ ဒီလောက်နောက်ကျနေတာလဲ။ Da Wei* က မင်းကို ဒီမှာ တွေ့တယ်ပြောတော့ မဖြစ်နိုင်ဘူးလို့တောင် ငါပြောခဲ့သေးတယ်။ ဒါပေမယ့် ငါဒီရောက်တော့ မင်းကို တွေ့တာဘဲ။ ဟိုဘက်စားသောက်ဆိုင်က ဟင်းပူပူတွေတောင် မှာပြီးပြီ။ ဒီဘက်က ဟင်းတွေက အေးနေပြီ။ ငါနဲ့အတူ လိုက်စားပါလား"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now