Chapter 39

8.5K 1.5K 57
                                    


(Unicode)

He Yan က ပြောလိုက်တဲ့ ထိုစကားတစ်ခွန်းက ထိုနေ့က စာသင်ခန်းထဲက ကိစ္စကို ပြန်သတိရသွားစေပြီး He Yan က သူ့ကို လက်မောင်းတွေနဲ့ လုံးဝအုပ်မိုးထားတာကို တွေ့ရပြီးနောက်မှာ Yu Baizhou မျက်နှာက နီမြန်းလာကာ သူ့နှလုံးသားကလည်း ဒရမ်တီးသလို ခုန်ပေါက်နေတော့သည်။

Yu Baizhou သူ့ဆီက ရုန်းဖို့ကြိုးစားသော်လည်း သူ့လက်တွေကပင် He Yan ကြောင့် ရုန်းမရဖြစ်နေသည်။

ကွန်ပျူ တာမျက်နှာပြင်တွင် ရန်သူက မြေပြင်ပေါ် လဲကျနေသည်။ Yu Baizhou ကြမ်းပြင်ပေါ်က အရိုက်နှက်ခံထားရတဲ့ ကစားသမားကို ကြည့်လိုက်မိသည်။ ထိုတိုက်ခိုက်တဲ့ ကစားသမားတွေနေရာမှာ သူနှင့် He Yan အဖြစ် မြင်ယောင်လာပြီး သူ့ကိုယ်သူ ကြမ်းပြင်ပေါ်က ကစားသမားဟု ထင်မှတ်လာမိသည်။ ဆိုးရွားလွန်းသည်။

He Yan က စကားပြောပြီးသွားသော်လည်း သူကအလျင်မလိုပေ။ သူ့စိတ်ရှည်မှုအခြေအနေက အမြင့်ဆုံးကို ရောက်နေပြီး Yu Baizhou အဖြေကို စောင့်နေသည်။

ဒါပေမယ့် Yu Baizhou က ထိုမေးခွန်းလို့ ဖြေရန်မဖြစ်နိုင်ချေ။ ဂိမ်းမှဇာတ်ကောင်တစ်ယောက် ရှုံးနိမ့်သွားသောအခါ အသံကျယ်ကျယ်တစ်သံ ထွက်ပေါ်လာသည်။ သူက ထိုအသံကြောင့် He Yan ပြောစကားကို မကြားသလို ဟန်ဆောင်လိုက်ပြီး စကားခေါင်းစဉ်လွှဲရန် ကြိုးစားလိုက်သည်။

"ဟားဟား မင်းက တကယ်အရမ်းတော်တာဘဲ။ ဒါပေမယ့် အခန်းထဲကလေက နည်းနည်း ခြောက်ကပ်ကပ်ဖြစ်နေတယ် မထင်ဘူးလား။ ငါ ရေတစ်ခွက် သွားသောက်လိုက်ဦးမယ်"

Yu Baizhou က လှုပ်ချင်ပေမယ့် He Yan က သူ့ကို ဖယ်ပေးဖို့ စိတ်ကူးရှိပုံမရပေ။

He Yan အကြည့်က Yu Baizhou ရဲ့ နီရဲနေတဲ့ နားရွက်ထိပ်တွေကို ကြည့်လိုက်ရင်း ထပ်ပြောလိုက်သည်။

"ငါပြောတာ မကြားဘူးလား။ ထပ်ပြောပေးရမလား"

အစက Yu Baizhou က ဒီရှက်စရာအခြေအနေက ရုန်းထွက်ဖို့ လုပ်ပြီး တစ်ဖက်လူကို နောက်ဆုတ်သွားစေချင်ခဲ့သည်။ သူက တစ်ဆင့်ဆုတ်လိုက်သော်လည်း He Yan က သူ့ကိုဆန့်ကျင်ပြီး မူလအခြေအနေအတိုင်းသာ နေနေသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now