Chapter-9

3.2K 386 2
                                    

#Unicode

" မင်းမှာ သိပ်မကြာခင် အစ်မနှစ်ယောက်ရလာတော့မယ်။" ဟု ဖန့်ကျွင်းရုံက သူမ၏ထမင်းစားတူအား ချထားရင်း သူမသားလီရှစ်ကျီအား ပြောလိုက်သည်။

ဖန့်ကျွင်းရုံသည် ညစာစားပြီးနောက် ထိုအကြောင်းကို တရားဝင်ပြောခဲ့သည်။ လီဝမ့်ကျင်းက ကလေးနှစ်ယောက်စလုံးသည် စကားကိုပိုမိုလက်ခံနားထောင်စေရန် ထိုအကြောင်းကိုပြောဖို့ ဖန့်ကျွင်းရုံအား ဆိုခဲ့သည်။

လီဝမ့်ကျင်းသည် သူ့မျက်နှာတွင် အပြုံးတစ်ပွင်ပေါ်လာခဲ့သည်။ သူသည် ဖန့်ကျွင်းရုံအား ဇဝေဇဝါကြည့်၍ မေးလိုက်သည်။ " အဲ့တာက တစ်‌ေယာက်ပဲလို့ ငါသိထားတာလေ။" ကျန်းယာ့ကောအပြင် ဘယ်သူရှိသေးလဲ။ သူက ဘာလို့ အဲ့တာကို မသိခဲ့တာလဲ။

ဖန့်ကျွင်းရုံသည် သူ့ကို အပြုံးလှလှတစ်ပွင့် ပေးခဲ့သည်။ သူမ၏မျက်လုံး မျက်ခုံးများသည် ဂုဏ်ယူချီးကျူးမှုဖြင့် မြင့်တက်နေပြီး ကျုံးရီအကြောင်းကို သူ့အား ပြောပြလိုက်သည်။ " အဲ့ကလေးက အရမ်းသနားဖို့ကောင်းတယ်။ သူမ မိဘတွေမရှိတော့ ကျွန်မ အဲ့ကလေးမကို ကူညီချင်တယ်။" ကျန်းယာ့ကောအကြောင်းကိုလည်း သူမက လိုရင်းတိုရှင်းပြောခဲ့သည်။

လီရှစ်ကျီသည် ဒီအကြောင်းနှင့်ပတ်သတ်ပြီးဘဂရုမစိုက်ခဲ့ဘူး။ သူ့အတွက်တော့ နောက်ထပ်အစ်မနှစ်ယောက်ရှိတာက ကျွေးမွေးဖို့ပါးစပ်နှစ်ပေါက်တိုးလာတာကိုသာ ဆိုလိုခြင်းဖြစ်သည်။ သူ့အတွေးတွင် အမွေကိစ္စခွဲဝေဖို့အတွေးကို စစိတ်မကူးခဲ့ပေ။ သူ့မျက်လုံးထဲတွင်တော့ သူ့မိဘများက အပြင်လူများကို ဘယ်တော့မှအမွေခွဲဝေပေးမှာ မဖြစ်နိုင်ဘူး။

လီရှင်းယွင်သည် မပျော်ရွှင်ပဲ နှုတ်ခမ်းဆူထားခဲ့သည်။ " သူတို့က သမီးတို့နဲ့အတူ နေကြမှာလား။" သူမက ဒီနည်းလမ်းကို မကြိုက်ပေ။ သူမ၏ကိုယ်ပိုင်နေရာကို ကျူးကျော်ဝင်ရောက်လာသလိုမျိုး ခံစားခဲ့ရသည်။

လီဝမ့်ကျင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ " သူမက ကြိုးကြာဖြူမှာ အလုပ်လုပ်တာလား။ အဲ့လိုနေရာမျိုးမှာ ဘယ်လိုကောင်းတဲ့မိန်းကလေးမျိုးရှိမှာလဲ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now