Chapter-115

3.6K 429 4
                                    

#Unicode

အခန်း ၁၁၅ - သူမသည် ဖန့်ကျွင်းရုံက သူမသားနှင့်ဆက်ဆံရေးကို အမှန်တကယ် ဖြတ်တောက်ခဲ့လိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပါ (၁)
စာရေးသူ - Zhái Miāo
ဘာသာပြန်ဆိုသူ - Miracle_Phyu97 (No Noe)

လူများစွာ၏အမြင်တွင် စုမိန်သည် အနားမှာထားရန် နှစ်သက်စရာကောင်းသောသူ မဟုတ်ခဲ့ပါ။ သူမက အတင်းအဖျင်းပြောတတ်ပြီး အမြင်ကျဥ်းသည်။ သူမ အလိုရှိသည့်အတိုင်း ပြုမူပြီးတော့ အလွန် တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်ဖြစ်သော်လည်း သူမကိုယ်တိုင် ချမှတ်ထားသည့်ကိုယ်ပိုင်မူများကို လိုက်နာသည်။ ထို့ကြောင့် သူမက ယနေ့ထိတိုင် ဂရုမစိုက်စွာ တည်ရှိနေနိုင်တာဖြစ်သည်။ ဥပမာအားဖြင့် သူမသည် သူမကိုသာ လာမစော်ကားရင် သူမကလည်း ပြန်လည်လက်စားချေမှာ မဟုတ်ပါ။ သူမမျက်လုံးထဲတွင် လျှိုကျူးသည် ထိုကဲ့သို့‌သော အမျိုးအစားထဲသို့ပင် မရောက်ခဲ့ပေ။ နောက်ထပ် ဥပမာတစ်ခုကတော့ သူမက သူမရဲ့ရပ်တည်ချက်ကို သိသိသာသာပြောင်းဖို့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ သူမသည် အရင်တုန်းက ဖန့်ကျွင်းရုံနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေပေမယ့် သူတို့နှစ်ယောက်အကြားမှာ မနှစ်မြို့ဖွယ်ရာကောင်းတဲ့ကိစ္စတွေ ဘာတစ်ခုမှ မဖြစ်ခဲ့တာကြောင့် အခု သူမသည် သူငယ်ချင်းကောင်းတစ်ယောက်၏ ရပ်တည်ချက်ကို လွယ်လွယ်ကူကူ ထုတ်ပြခဲ့တာဖြစ်သည်။ ဒါက လူတိုင်း ကျွမ်းကျင်ပိုင်နိုင်တဲ့ကိစ္စမဟုတ်တာ သေချာသည်။

သို့သော် ဖန့်ကျွင်းရုံကသာ စိတ်ပူနေပေမယ့်လည်း စုမိန်ကတော့ သူမ၏ပင်ကိုယ်စရိုက်အရ ဒီလိုအနှောင့်အယှက်တစ်ခုကို ဂရုမစိုက်ခဲ့ပါ။ ဒါ့အပြင် စုမိန်၏ပင်ကိုယ်စရိုက်ကြောင့်သာ မဟုတ်လျှင် သူမသည် လီဝမ့်ကျင်းကို လက်စားခြေရန်အတွက် ငွေများစွာကို သုံးစွဲခဲ့လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ဖန့်ကျွင်းရုံသည် စုမိန်အပေါ် စိတ်ရှည်မှု တစ်အောင်စလောက် ပိုရှိခဲ့သည်။

ယခုအချိန်တွင် စုမိန်က သူမ၏အစွမ်းအစကို အသုံးချမှာကို ဖန့်ကျွင်းရုံက အပြုံလေးနှင့်သာ စောင့်ကြည့်နေရုံပင် ဖြစ်သည်။

စုမိန်၏မျက်လုံးများထဲတွင် ဖန့်ကျွင်းရုံက၏အပြုံးက သူမကို အားပေးနေသည့်ပုံဟု တစ်ထစ်ချယူဆလိုက်သည်။ "မျက်နှာနှစ်ဖက်နဲ့လူလိမ်လူညာ၊ ကြောင်သူတော်၊ ကြွက်သူခိုး အဲ့ဒီစကားလုံးတွေက ရှင့်ကို ဖော်ပြဖို့သုံးသင့်တဲ့ စကားလုံးတွေပဲ။ ကျွန်မသာဆိုရင် ဘယ်သူ့ကိုမှ မျက်နှာမပြရဲလောက်အောင် ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ် လှီးပြစ်မိလိမ့်မယ်"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now