Chapter-76

4.3K 632 75
                                    

ဒီနေ့က အနို့ရဲ့မွေးနေ့မို့ 3ပိုင်း တင်ပေးမယ်ရှင့်🧡🧡🧡

#Unicode

လီရှင်းယွင်ဟာ သူမဖခင်၏လုပ်ရပ်ကြောင့် သိပ်‌မပျော်ရွှင်တော့ပေ။ သူဟာ သူမရဲ့ဖခင်ရင်းဖြစ်ပြီး အတိတ်ကာလအချိန်များတုန်းက သူမကို အတော်လေးချစ်ခင်အလိုလိုက်ခဲ့ပါသည်။ လီရှင်းယွင်သည် သူမဖခင်ဟာ တကယ်ဆိုးရွားနေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော် သူမက သူမမိခင်ဟာ သူမဖခင်ကို ရည်ရွယ်ချက်ရှိရှိ မကောင်းစကားဆိုလိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် သူမဟာ အံ့အားသင့်သွားခဲ့ပါသည်...

ဖန့်ကျွင်းရုံကလည်း အများကြီး မပြောပြချင်ခဲ့ပါဘူး။ သူမက ရိုးရှင်းစွာ ဖုန်းကောက်ကိုင်ပြီး လီဝမ့်ကျင်းထံ ဖုန်းခေါ်လိုက်သည်။ သူမအသံဟာ အေးစက်နေခဲ့သည်။ “ရှင် ရှင်းယွင်ကို ပန်းချီကားတစ်ချပ် ပေးခဲ့တာလား”

ဖုန်းကိုင်ထားသည့် အခြားတစ်ဖက်မှ လီဝမ့်ကျင်းသည် အနည်းငယ် ပင်ပန်းနေခဲ့သည်။ “အင်း သမီးက ကိုယ်စုဆောင်းထားတဲ့ပန်းချီကားတွေထဲက ပန်းချီကားတစ်ချပ်ကို လိုချင်နေခဲ့တာ မဟုတ်ဘူးလား။ သူမရဲ့မွေးနေ့ဖြစ်လို့ ကိုယ် သူ့ကို လက်ဆောင်အဖြစ် ပေးလိုက်မယ်လို့ စဥ်းစားလိုက်တာ။ ပြီးတော့ သူမက ကိုယ့်သမီးပါပဲ။ သေချာပေါက် ကိုယ် သူမကို ဂရုစိုက်ရမှာပေါ့”

သူ့စကားတွေကိုကြားလိုက်ရသည့် လီရှင်းယွင်၏မျက်နှာဟာ စိတ်သက်သာရာအချို့ ရရှိသွားခဲ့မိသည်။

ဖန့်ကျွင်းရုံက ကျိတ်ရယ်ပစ်ချင်မိတယ်။ သူက မနှစ်မြို့ဖွယ်ရာကောင်းသော ပြောင်းရွှေ့မှုတစ်ခုပြုလုပ်ပြီးနောက်မှာတော့ သူ့သမီးကို သူ ဂရုစိုက်နေသေးတယ်လို့ ထင်နေတာလား။ သူမအသံဟာ ပိုမိုအေးစက်လာခဲ့သည်။ “အိုး… ကျွန်မအိမ်ထဲမှာ ရှင့်ကို အမှတ်နေစေမယ့် ဘာမှကို မရှိစေချင်ဘူး။ ဒါကြောင့် ကျွန်မ ပန်းချီကားကို လေလံတင်ဖို့ စဥ်းစားထားတယ်”

လီဝမ့်ကျင်း၏အသံဟာ ချက်ချင်းပင် ထစ်ငေါ့သွားခဲ့သည်။ “ခဏလေး မင်း ဒီလိုလုပ်လို့ မရဘူးလေ။ အဲ့တာက ရှင်းယွင်ကိုပေးတဲ့ ကိုယ့်လက်ဆောင်ပဲ။ အဲ့တာက သူမအပေါ်ထားတဲ့ ကိုယ့်မေတ္တာကို ကိုယ်စားပြုတယ်”

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now