Chapter-49

3.1K 373 4
                                    

#Unicode

ကျန်းယာ့ကောသည် သူမခေါင်းကို ခါလိုက်သည်။ “မဟုတ်ဘူး။ အဲ့လိုမဟုတ်ပါဘူး။ အဲဒီတုန်းက သမီးက သူ့ကို လူကောင်းတစ်ဦးလို့ ထင်ခဲ့ပြီး အကူအညီပေးဖို့ပဲ လုပ်ခဲ့တာပါ”

ဖန့်ကျွင်းရုံက နောက်ထပ်အချက်တစ်ချက်ကို ထောက်ပြပေးခဲ့သည်။ “သမီး သူ့ကို တကယ်အကူအညီပေးချင်တယ်ဆိုရင် ဘာဖြစ်လို့ သူ့ကို ဆေးရုံကိုအမြန်မခေါ်သွားခဲ့တာလဲ”

ကျန်းယာ့ကောမှာ ပြောစရာစကား ဆွံ့အသွားခဲ့သည်။ သူမသည် ဖန့်ကျွင်းရုံက ဝမ်ရှောင်းကို ပထမဆုံး မြင်လိုက်တာနဲ့ ရဲခေါ်လိုက်မှာကို စိတ်ပူတာကြောင့် ဖြစ်တယ်ဆိုတာကို မပြောနိုင်ပါ။ သူမသည် ဖန့်ကျွင်းရုံက ဝမ်ရှောင်းကို သိတယ်ဆိုတာကို သူမက မသိခဲ့ပေ။

ဝမ်ရှောင်း၏မုန်းတီးနေတဲ့မျက်နှာကို ပြန်ပြောင်းတွေးကြည့်သည့်အခါ သူမဟာ တုန်တုန်ယင်ယင်ဖြစ်နေခဲ့သည်။ သူမ ဘာလုပ်သင့်လဲ။ သူမက ကြောက်စရာကောင်းတဲ့လူတစ်ယောက်ကို မှားယွင်းရန်စမိလိုက်သလိုပဲ။

သူမသည် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ ဒါက အဆင်ပြေသွားလိမ့်မယ်။ သူမက ကျောထောက်နောက်ခံမရှိသည့် သာမာန်လူတစ်ဦးမဟုတ်ပဲ လီအိမ်တော်ရဲ့ မွေးစားသမီးဖြစ်သည်။ ဝမ်ရှောင်းက သူမကို နာကျင်ဖို့ကြိုးစားခဲ့မယ်ဆိုရင် လီအိမ်တော်ကို စော်ကားသလိုဖြစ်သွားလိမ့်မည်။ ဒါပေမယ့် ဒီလိုဆိုရင်တောင်မှ သူမဟာ အလွန်စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည်။ ပြီးတော့ သူမလုပ်နိုင်တာအားလုံးက သူမကိုယ်သူမ အမြဲဂရုတစိုက်နေဖို့ သတိပေးရန်ဖြစ်သည်။

ရက်အနည်းငယ်ခန့်အကြာတွင် ဖန့်ကျွင်းရုံသည် ဆေးရုံသို့ထပ်မံဖုန်းခေါ်ခဲ့ပြီးတော့ ဝမ်ရှောင်း၏အခြေအနေကို မေးမြန်းခဲ့သည်။ သူမသည် ဝမ်ရှောင်းရဲ့ခွဲစိတ်မှုအောင်မြင်ပြီး သူ့ဘယ်ဖက်လက်မှာ အန္တရာယ်ကင်းကြောင်းကို သိလိုက်ရသည်။ ပျက်စီးနေသောတစ်သျှူးအချို့ကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ သူ့လက်သည် တစ်ရာရာခိုင်နှုန်း ပြန်ကောင်းလာနိုင်ချေတော့ မရှိပါ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now