Chapter-75

4.4K 645 27
                                    

#Unicode

သမ့်လန်က မေးလိုက်သည်။ "နင့်မိဘတွေ ကွာရှင်းပြီးသည့်နောက်မှာ နင့်အခြေအနေတွေ အရမ်းကောင်းနေတယ်ဆို" သူမဖခင်နှင့် အစ်ကို၏ချစ်ခြင်းမရရှိပဲ သဘာဝကျစွာပင် လီရှင်းယွင်၏လက်ရှိဘဝဟာ ဆိုးရွားနေလိမ့်မယ်ဟု သူမ ယူဆထားမိခဲ့သည်။

လီရှင်းယွင်သည် သူမခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။ "နင်ပြောတာ မှန်တယ်။ ငါ့ဘဝက အရင်ကနဲ့ လုံးဝကွာခြားသွားတယ်။ အရင်တုန်းက ငါ့လစဥ်မုန့်ဖိုးငွေက ယွမ်တစ်သိန်းပဲ ရခဲ့တာ။ အခု ငါ့အမေက ငါ့ကို အရမ်းချစ်တော့ တစ်လကို ယွမ်ငါးသိန်းပေးတယ်လေ"

လီရှင်းယွင်သည် စကားပြောဆိုသည့်နေရာမှာ မကောင်းမွန်သော်လည်း သမ့်လန်၏ရည်ရွယ်ချက်မှာ မကောင်းမွန်ကြောင်းကိုတော့ သူမ ပြောနိုင်ပါသေးသည်။ အလေးအနက်ထားပြီး စဥ်းစားကြည့်မယ်ဆိုရင် သူမမွေး‌နေ့စားသောက်ပွဲမှာ သူမအား ရန်စဖို့ ဒီလူက ဘာမှားယွင်းနေတာလဲ။

သမ့်လန်မျက်နှာဟာ အနည်းငယ် အေးခဲသွားခဲ့သည်။ သူမ၏လစဥ်မုန့်ဖိုးငွေမှာ ယွမ်တစ်သောင်းသာ ရရှိသည်။ သူမက ထိုပိုက်ဆံကို ခြိုးခြံချွေတာပါမှ ဇိမ်ခံပစ္စည်းအချို့ကို ဝယ်ယူနိုင်တာ ဖြစ်သည်။ လီရှင်းယွင်နှင့်နှိုင်းယှဥ်လျှင် သူမပုံရိပ်ဟာ အစေခံတစ်ယောက်လောက်ပင် ရှိတော့သည်။

လီရှင်းယွင်ဟာ မျက်နှာထားခပ်တည်တည်ဖြင့် ပြောလိုက်သ်ည။ "ငါကလည်း နင့်ကို အရမ်းသဘောမကျပါဘူး။ ငါ့‌ရှေ့မှာ နင့်မျက်နှာကို ခဏခဏလာမပြနဲ့"

နောက်ဆုံးတော့ သူမသည် ယိုယွင်းပျက်စီးနေသောက‌လေးတစ်ယောက်သာဖြစ်ပြီး သူမ ဘာမှ ထပ်မပြောချင်ပါ။

လီရှင်းယွင်သည် ဒေါသထွက်ရှက်ရွံ့နေသောမျက်နှာဖြင့် ရပ်နေသော သမ့်လန်ကို ချန်ထားခဲ့ပြီး လှည့်ထွက်လာခဲ့သည်။ သူမသည် လီရှင်းယွင်တွင် ထိုကဲ့သို့ ဆိုးရွားသောစိတ်ဓာတ်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အံ့သြစရာတော့ မဟုတ်ပေ။ သူမဖခင်ရင်းနှင့် အစ်ကိုရင်းတောင်မှ သူမကို မနှစ်သက်ကြပဲ သူမမွေးနေ့စားသောက်ပွဲကို မလာခဲ့ကြပေ။ လီရှစ်ကျီမှာ ဒီလိုရိုင်းစိုင်းတဲ့ညီမတစ်ယောက်ရှိခြင်းအတွက် သူမ စိတ်မကောင်းဖြစ်မိခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now