Chapter-30

3.3K 390 4
                                    

#Unicode

အခန်း (၃၀) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၁)

သူ့မျက်လုံးတွေဟာ ဒေါသစိတ်ကြောင့် ပြူးကျယ်လာသည်။ ဒီခွေးကောင်ဟဲမင်ကထွက်ပြေးပြီးတာတောင် ခြိမ်းခြောက်ငွေညှစ်ဖို့လုပ်ရဲသေးတာလား။

သူ ဟဲမင်ကို တရားရုံးသို့ဆွဲ‌ေခါ်သွားမှာကို မစိုးရိမ်ခဲ့ဘူးလား။

ထိုအချိန်၌ပင် လီဝမ့်ကျင်းသည် ရဲများထံတွင် တိုင်ကြားရန် သွားရောက်လိုသောဆန္ဒများပြင်းပြခဲ့ပြီး သူ့ဆန္ဒအား အလျင်အမြန်ဖိနှိပ်လိုက်သည်။ သူ လုပ်လို့မရနိုင်သည့်အမှန်တရားကို ဝမ်းနည်းစွာ သဘောပေါက်သွားခဲ့သည်။ သူသာ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် အရာအားလုံးပျက်စီးသွားနိုင်ပြီး သူ့ဂုဏ်သိက္ခာလည်း ကျသွားပါလိမ့်မည်။ သူ့လိုလူတစ်ယောက်အတွက် မျက်နှာပျက်အရှက်ရတာထက် ပိုစိုးရိမ်တာ ဘာမှမရှိပေ။

သူ့ကို ဟဲမင်တောင်းသောပမာဏသည် ပြီးခဲ့သည့်ဆယ်နှစ်တာကာလအတွင်း သူ့ဘဏ်စာရင်းထဲသို့ လွှဲပြောင်းခဲ့သောပမာဏ၏ထက်ဝက်ကို ဆုံးရှုံးမည်‌ဖြစ်သော်လည်း သူ့အနေဖြင့် မစွန့်စားရဲပေ။ ဟဲမင်သည် သူနှင့်ဆယ်နှစ်ကြာ အလုပ်တွဲလုပ်ဖူးသူဖြစ်သည်။ သူက ဟဲမင်အကြောင်းကို သိလေသည်။

လီဝမ့်ကျင်းသည် ဟဲမင်သားကို သူ့လက်ထဲထားရှိပြီး ဟဲမင်ကိုစောင့်ကြည့်ရန် လူအနည်းငယ်စီစဉ်ထားခြင်းသည် လုံလောက်သည်ဟုအမြဲထင်ခဲ့သည်။ လီဝမ့်ကျင်းသည် မိမိကိုယ်မိမိ ဟဲမင်၏အထက်တွင်ရှိသည်ဟု အမြဲထင်ခဲ့သည်။ သု့ကို သစ္စာဖောက်ပြီး သူ့နေရာတွင် အခြားသူကိုအစားထိုးလိမ့်မည်မဟုတ်ဟု ယူဆထားခဲ့သည်။

လီဝမ့်ကျင်းသည် အသက်ကို ပြင်းပြစွာရှုရှိုက်နေရသည်။ သူ့လက်ပေါ်ကသွေးကြောများသည် အဆပ်ရှိသောမြွေများကဲ့သို့ ထောင်ထနေသည်။

ဒီရက်တွေမှာ သူသည် ဟဲမင်ကို ပြန်ဖမ်းမိချင်သည်။ ဟဲမင်သည် ထာဝရပုန်းကွယ်နိုင်မှာ မဟုတ်ဘူး။

သူ့မျက်လုံးများသည် စိတ်ဆင်းရဲမှုများဖုံးလွှမ်းနေလေသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now