Chapter-15

3.3K 385 1
                                    

#Unicode

လီအိမ်တော်ကဲ့သို့မိသားစုများအတွက် သမီးများမွေးစားတာက မိသားစုဝင်များ ညစာအတူစားရုံသာရှိလိမ့်မည်မဟုတ်။ သူတို့သည် အချိန်တစ်ခုရွေးကာ စားသောက်ပွဲတစ်ခုကျင်းပပြီး သူတို့နှစ်ဦးကို အခြားသူများအား တရားဝင်မိတ်ဆက်ပေးရသည်။ ထိုအရေးကြီးသောပွဲအတွက် ပြင်ဆင်မှုအချို့ကိုလည်း ပြင်ဆင်ထားရလိမ့်မည်။

ညအချိန်တွင် ဖန့်ကျွင်းရုံသည် သူမ၏ကိုယ်ပိုင်အိပ်ခန်းကိုသာ ပြန်သွားခဲ့သည်။ သူမပြန်လည်‌ေမွးဖွားပြီးချိန်ကတည်းက လီဝမ့်ကျင်းနှင့် တစ်ခန်းထဲ အတူနေထိုင်ခြင်းမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့၏အိမ်ကြီးက အတော်လေးကြီးမပြီး အခန်းများစွာလည်းရှိသည်။ ဖန့်ကျွင်းရုံလုပ်ရန်လိုအပ်သမျှက အခန်းတစ်ခန်းကိုသန့်ရှင်းပြီး ၎င်းဆီကို ပြောင်းရွှေ့လိုက်ရုံသာဖြစ်သည်။
 
ဟုတ်တာပေါ့။ သူမသည်လည်း မကြာသေးမီက ခံစားချက်မကောင်းဟူသော အကြောင်းပြချက်ခိုင်လုံမှုမရှိသောဆင်ခြေကို ပေးခဲ့ရသည်။ ထို့ကြောင့် သူမသည် ဖုန်းရွှေပညာရှင်အချို့ကိုတောင် ငှားရမ်းခဲ့သည်။ သူတို့က သူမ၏ကျန်းမာရေးသည် သူမမူလနေထိုင်ရာအခန်းတွင် ဆိုးရွားလိမ့်မည်ဖြစ်ကြောင်းကို ပြောခဲ့‌ေလသည်။ လီဝမ့်ကျင်းက ဒီအတွက် အတွေးမများခဲ့ပါဘူး။ ပြီးတော့ သူတို့နှစ်ယောက်ဟာ အိပ်ခန်းခွဲအိပ်ခဲ့ကြတယ်။

သူမသည် အိပ်ရာမဝင်ခင် စပျစ်ဝိုင်အနည်းငယ်သောက်ရတာကို နှစ်သက်ခဲ့သည်။ သူမ ပြန်လည်မွေးဖွားပြီးကတည်းက ထိုအလေ့အကျင့် ပျောက်ဆုံးသွားခဲ့သည်။ ယခင်ဘဝ၌ တစ်စုံတစ်ဦးသည် စပျစ်ဝိုင်တွင် မူးယစ်ဆေးဝါးများထည့်သွင်းခဲ့ပြီး သူမ၏စိတ်အ‌ခြေအနေဆိုးဝါးမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဲဒီအချိန်ခဏတဖြုတ်မှာ သူမသည် အရမ်းစိတ်တိုပြီး အကြောင်းပြချက်မရှိ အမြဲတမ်းဒေါသထွက်နေတတ်သည်။

သူမ ယခင်ဘဝမှာ အမှန်တကယ်ကိုပဲ နေရာအနှံ့မှာ ရန်သူများ ဝိုင်းရံ‌ေနခဲ့သည်။

ဒီအကြောင်းကိုခဏတွေးတောရင်း ဖန့်ကျွင်းရုံသည် အိပ်ရာပေါ်လဲလျောင်းရင်း အိပ်စက်အနားယူဖို့ အဆင်သင့်ဖြစ်နေပြီ။ သို့သော် သူမသည် အိပ်ခန်းအတွင်းပိုင်းတံခါးကို လော့ဒ်ချဖို့လည်း‌မမေ့ခဲ့ဘူး။ သူမ၏စိတ်ထင်သက်သက် ဟုတ် မဟုတ် မသေချာသော်လည်း သူမမျက်လုံးမှိတ်လိုက်တဲ့အချိန်လေးမှာ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဖြတ်ခနဲ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now