Chapter-12

3.3K 440 14
                                    

#Unicode

ကျန်းယာ့ကောလည်း အနည်းငယ်ဖျော့တော့သွားသည်။ သူမသည် လီသားအဖကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ သူမမျက်နှာသည် သူတို့က သူမကိုအထင်လွဲသွားမည်ကို စိုးရိမ်ပူပန်နေပုံရသည်။

သူမသည် အန်ကယ်လီထံမှ ဖုန်းခေါ်ဆိုမှုကိုရချိန်က သူမမိဘများဆုံးရှုံးသွားရချိန်မှအပ အလွန်ပျော်ရွှင်ခဲ့‌ေလသည်။ သူမက အလွန်ကံကောင်းစွာ လီအိမ်တော်မှ မွေးစားခြင်းခံခဲ့ရသည်။ သူမသည် အန်ကယ်လီကို မဂ္ဂဇင်းတွင်တွေ့ဖူးပြီး တိုင်းပြည်တွင် အချမ်းသာဆုံးထိပ်ဆုံးစာရင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သိသည်။ သူမသည် websiteပေါ်တွင် အထက်အောက်ရှာကြည့်ချိန်က ဖန့်ကျွင်းရုံသည် အန်ကယ်လီ၏ဇနီးဖြစ်ကြောင်းကိုပါ သိလေသည်။ ဒါပေမယ့် ဖန့်ကျွင်းရုံသည် သူမမှတစ်ပါး လူများအရှေ့တွင် ကြိုးကြာဖြူ၌အလုပ်လုပ်စဉ်က တွေ့ခဲ့ဖူးကြောင်းကိုပြောလိမ့်မည်ဟု မမျှော်လင့်မိခဲ့ချေ။

သူမသည် မကျေနပ်မှုကိုခံစားရသော်လည်း ဘာမှမလုပ်နိုင်ပေ။ သူမသည် ကျူရှင်အတွက်သာ ထိုနေရာမှာ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူမက ကျုံးရီနှင့် လုံးဝကိုမတူပါဘူး။ သူမသည် ထိုကဲ့သို့သောနေရာမျိုးတွင် အလုပ်လုပ်သော်လည်း  မိမိကိုယ်ကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ဖြူစင်မှုကို ထိန်းသိမ်းထားခဲ့သည်။ အလုပ်ပြင်ပတွင် သူမသည် ထိုချမ်းသာသောသူများနှင့် ဆက်သွယ်ဖူးခြင်းမရှိပါ။

သူမမျက်လုံးများသည် နီရဲလာပြီး မျက်ရည်များ စီးကျလာခဲ့သည်။

လီဝမ့်ကျင်းသည် မယုံကြည်နိုင်ပေ။ သူ့ကို တစ်ယောက်ယောက်က ပြင်းပြင်းထန်ထန်ပါးရိုက်နှက်လိုက်သလို ခံစားနေရသည်။ သူ၏ကောင်းမွန်စွာထိန်းသိမ်းထားသောပုံရိပ်များကောင်းမွန်စွာထိန်းသိမ်းထားသောပုံရိပ်များသည် ပျက်စီးသွားပြီး သူ၏ပုံမှန်တည်ငြိမ်ရည်မွန်နေမှုများ ဆုံးရှုံးသွားခဲ့သည်။ သူသည် ယခင်အရှေ့ကပင် ထိုနေရာ၌‌အလုပ်လုပ်သူများသည် စာရိတ္တမကောင်းကြောင်းကိုပြောခဲ့သည်။ သူသည် ထိုနေရာမျိုးကို အလုပ်အတွက်မှတစ်ပါး ကျန်အချိန်များတွင် မသွားခဲ့ပေ။ ဒါကြောင့် မိမိသမီးအဖြစ်ယူဆထားသော မိန်းကလေးသည်လည်း ထိုနေရာမျိုးတွင် အလုပ်လုပ်ခဲ့သည်ကို မသိတာဖြစ်သည်။ ဒါပေမယ့် ယာ့ကောဟာ အပြစ်ကင်းစင်ပြီး ကြင်နာတတ်သောမိန်းကလေးတ်ယောက်ပင်။

မဟုတ်ဘူး။ သူက ကျန်းယာ့ကောကို ယုံရမယ်။ သူမက အခြားသူများနှင့် မတူနိုင်ပေ။ သူမမှာ အဲဒီမှာလုပ်ဖို့ သူမ ကိုယ်ပိုင်အကြောင်းပြချက်ရှိရမယ်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now