Chapter-17

3.2K 416 3
                                    

#Unicode

ထူးဆန်းထွေလာနယ်‌ေမြမှ ဆေးကိုအသုံးပြုပြီး သူမသည် မြေအောက်‌ေလာက၏မင်းသား ‌ေ‌ရှာင်းဝမ်အားကုသနိုင်ခဲ့သည်။ ရှောင်းဝမ်သည် အဲ့ဒီအချိန်ကတည်းက သူမကို အရူးအမူးစွဲလမ်းခဲ့‌ေလသည်။ သူသည် အခြားသူများရှေ့တွင် အေးစက်ပြီးကြောက်စရာကောင်းနေပေမယ့် သူမရှေ့တွင် သူ့ရဲ့နူးညံ့တဲ့ဖက်ကိုသာ အမြဲတမ်း ပြသခဲ့သည်။

သူမသည် ရုပ်ရှင်ဇကရာဇ်ဖန့်ကြွယ်မင်ကိုကူညီခဲ့ပြီး သူမ၏ရွှေလက်ချောင်းများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်ဧကရာဇ်သည်လည်း သူမကိုချစ်မိသွားခဲ့သည်။ သူမကို သူရဲကောင်းတစ်ယောက်လိုမျိုး တိတ်တဆိတ်ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

သူမသည် ပါရမီရှင်ဆရာဝန်ကျန့်ပီးနှင့်လည်း စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏ရိုးသားမှုနှင့် ခေါင်းမာတတ်တဲ့စိတ်ဓာတ်က သူ့နှလုံးသားကို လွှမ်းမိုးနိုင်ခဲ့ပြီး သူသည် သူမအတွက် ဖန့်ကျွင်းရုံကိုပင် မူးယစ်ဆေးဝါးများတိုက်ကျွေးခဲ့သည်။ ထို့အတွက်ကြောင့် ဖန့်ကျွင်းရုံသည် အမြဲတမ်း ဒေါသကြီး‌ကာ တစ်ခါတစ်ရံမှာတော့ စိတ်အာရုံခြောက်ခြားခြင်းတို့ဖြစ်ခဲ့သည်။

သူမတွင် လီရှစ်ကျီပင် မနာလို‌ရလောက်သည့် ထိပ်တန်းအမျိုးသားများ ဝန်းရံနေခဲ့ခဲ့သည်။ ဖန့်ကျွင်းရုံနှင့် လီရှင်းယွင်တို့နှစ်ဦးစလုံးသည် သူမကို မနှစ်သက်ခဲ့သလို သူမ၏သူငယ်ချင်းကောင်းကျုံးရီသည်လည်း လီရှစ်ကျီကိုချစ်မြတ်နိုး‌ေနခဲ့သောကြောင့် ကျန်းယာ့ကောနှင့်လီရှစ်ကျီတို့အကြားဆက်ဆံရေးသည် အတားအဆီးများ တစ်ခုပြီးတစ်ခုကျော်လွှားခဲ့ရသည်။ အမျိုးမျိုးသော ဒုက္ခများအားလုံးသည် သူတို့၏ဆက်ဆံရေးကို ပိုခိုင်မြဲလာစေ၏။ ကျန်းယာ့ကောကိုနှစ်သက်သဘောကျသော သူမ၏အမျိုးသားမိတ်ဆွေများနှင့် ကျန်းယာ့ကောနှင့်လီရှစ်ကျီအား လမ်းခွဲစေချင်ကြသောဗီလိန်မိန်းကလေးတစ်ချို့လည်း ရှိကြလေသည်။

သူမ၏သူငယ်ချင်းကောင်းကျုံးရီက သူမကိုထပ်ခါတလဲလဲ အန္တရယ်ပြုရန်ကြိုးစားခဲ့သည်။ နောက်ဆုံးမှာ အမှန်တရားအားလုံးထွက်ပေါ်လာခဲ့ပြီးတော့ ကျုံးရီသည် ဆင်းရဲချို့တဲ့သောရွာအချို့ပြောင်းရွှေ့ခဲ့ရပြီး သူမဘဝဟာ ငရဲကျသလိုပင် ဆင်းရဲဒုက္ခခံစားခဲ့ရသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin