Chapter-90

4.3K 686 11
                                    

#Unicode

လီရှင်းယွင်သည် ယခုပန်းချီကားနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို ပြန်တွေးတောမိခဲ့သည်။ ဒီပန်းချီကားဟာ သူမမိခင်ဖြစ်သူမွေးနေ့မှာ သူမဖခင်ဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီးတော့ အကြောင်းအရာအားလုံးကိုတော့ တိတိကျကျ မမှတ်မိခဲ့ဘူး။

ဖန့်ကျွင်းရုံဟာ သူမနှုတ်ခမ်းလေးကို အပေါ်သို့ကွေးညွှတ်လိုက်ကာ ရယ်မောလိုက်ပြီးတော့ "သူ သမီးကို ပန်းချီးကားအတုကို မွေးနေ့လက်ဆောင်ပေးခဲ့တော့ အမေ သူ့ကို သံသယစဝင်သွားခဲ့တယ်။ အဲ့တာနဲ့ အရင်တုန်းက သူ အမေ့ကိုလက်ဆောင်ပေးခဲ့တာတွေ အကုန်လုံးကို စစ်ဆေးကြည့်ခဲ့တယ်။ အကုန်လုံး အတုတွေချည်း ဖြစ်နေခဲ့တယ်လေ"

လီရှင်းယွင်သည် နောက်ထပ်စကားများကို ကြားလိုက်ရတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သောနှစ်များက သူမဖခင်ဖြစ်သူဟာ သူမမိခင်ဖြစ်သူကို ရှုဖန့်ဝမ်ရဲ့လက်ရာများကို လက်ဆောင်ပေးခဲ့ဖူးသည်။ ဆိုလိုတာက သူက သူမကို အရင်ကတည်းက သစ္စာဖောက်ဖို့ ကြံစည်နေခဲ့ပြီး ဖြစ်သည်။

လီရှင်းယွင်သည် သူမမွေးနေ့လက်ဆောင်အဖြစ် ပန်းချီကားအတုကို လက်ခံရရှိပြီးချိန်မှစ၍ သူမဖခင်ဖြစ်သူအပေါ် မျှော်လင့်ချက်တွေ စွန့်လွှတ်ခဲ့ပြီး သူ့အတွက် ဘာခံစားချက်မှ မကျန်တော့သလောက် ရှိနေခဲ့ပြီ။

သူတို့ဟာ အခုအချိန်မှာ ပြန်ပြင်ဆင်လို့ မရတော့တဲ့လမ်းကိုယ်စီကို လျှောက်လှမ်းသွားပြီးကြပြီ။

သူမသည် သူမမိခင်က သူမဖခင် ဖောက်ပြန်ခဲ့သောကြောင့်သာ ကွာရှင်းခဲ့သည့်အကြောင်းကို သိပြီးဖြစ်ပေမယ့် အခုတော့ ဒီအကြောင်းတွေကိုပါ ထပ်မံသိလိုက်ရပြန်သည်။ သူမမိခင်ဖြစ်သူသည် သူမထက်တောင် ပိုနာကျင်နေပေလိမ့်မည်။

ဒီအခိုက်အတန့်မှာပင် သူမသည် သူမဖခင်ဖြစ်သူကိုပင် မုန်းတီးလာခဲ့မိသည်။

***

"The Fate of Antiques"သည် အဆင့်သတ်မှတ်ချက်မြင့် အစီအစဥ်ရှိုးတစ်ခုအနေဖြင့် ဝက်ဘ်ဆိုက်ပေါ်တွင် အလွန်ကျော်ကြားမှုရှိသည်။ ကျန်းယာ့ကော၏ရုပ်ရည်အသွင်အပြင်ကလည်း အစီအစဥ်ရှိုး၏အဆင့်သတ်မှတ်ချက်ကို အမြင့်သို့ တဆင့် ထပ်မံတွန်းပို့နိုင်ခဲ့သည်။ သူတို့၏တရားဝင် ဝက်ဘ်ဆိုက်ပေါ်ရှိ မှတ်ချက်များဟာ အဆမတန် တိုးမြင့်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now