Chapter-85

4.3K 615 36
                                    

#Unicode

ဖန့်ကျွင်းရုံကတော့ သူမကို ကျန်းယာ့ကောက နာမည်ဖျက်ဖို့  အစီအစဥ်ဆွဲနေတာကို မသိရှိခဲ့ပါဘူး။ အခုနောက်ပိုင်းတွင် သူမဟာ အလုပ်များနေခဲ့ပြီး အားလပ်ချိန်ရရှိခဲ့ရင်လည်း ကျန်းဝမ်ယုကို စစ်ဆေးပေးခြင်းဖြင့် အချိန်ကုန်နေလေ့ရှိသည်။ 

ဖန့်ကျွင်းရုံထံမှ အဆိပ်အတောက်ဖယ်ရှားဆေးလုံးကို သောက်သုံးပြီးနောက် ကျန်းဝမ်ယု၏ခန္ဓာကိုယ်မှ အဆိပ်များသည် လျင်မြန်စွာကုန်စင်သွားခဲ့ပြီး သူ့ရဲ့လှပခန့်ညားသော မျက်နှာ‌လေးကို ပြန်လည်ရရှိလာခဲ့သည်။ သူ့အသွင်အပြင်ဟာ ရှေးခေတ်များဆီကနေ ဆင်းသက်လာသောအသွင်လေးလိုပင် မြင့်မြတ်တော်ဝင်ဆန်ကာ နူးညံ့လှပဘေသည်။ သူက ယပ်တောင်တစ်ခုကို ကိုင်ထားလျှင် စာအုပ်များထဲမှထွက်လာသော ပညာရှင်တစ်ဦးနှင့်တူလှသည်။ ပညာရှိသည့်ရုပ်သွင်ကို ကြည့်ပါ။ သူက သူ့အမွှာအစ်ကိုကျန်းပိနှင့် ဆင်တူသည်။ ကျန်းပိက သူ့ထက် ပိုပြီးယောကျာ်းပီသသောအသွင် ပိုရှိသည်။ ဖန့်ကျွင်းရုံသည် အစက သူတို့ကို သွေးရင်းရင်းနှီးလှသည့်အမွှာညီအစ်ကိုတွေလို့ ထင်ခဲ့မိသည်။

သူ့မျက်လုံးများဟာ အလွန်တောက်ပနေခဲ့သည်။ သူမသမီး ပြောခဲ့ဖူးသလိုပဲ သူ့မျက်လုံးတွေထဲမှာ နဂါးငွေ့တန်းတစ်ခုရှိနေသလို ခံစားရသည်။

သူက ရာထူးမှနှုတ်ထွက်ရန် ကျောင်းဝင်းသို့ ပြန်သွားရန် စီစဥ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သူ့အစား နှုတ်ထွက်စာတင်ခဲ့သည်ဟု သိခဲ့ရသည်။ ကာယကံရှင်ကိုယ်တိုင်ပြုလုပ်သင့်သော အလုပ်တစ်ခုကို တစ်ယောက်ယောက်က လူစားထိုးကာ ပြုလုပ်ခဲ့လေသည်။

ပုံမှန်အားဖြင့် ကျန်းဝမ်ယုသည် တစ်ခုခုမှားနေသည်ကို အနံ့ခံနိုင်လေသည်။ ဖြစ်နိုင်တာက သူ့ကိုသတ်ဖို့ ကြိုးစားသူက မည်သူမဆို ဖြစ်နိုင်ချေ ပိုများနေခဲ့သည်။ သူက သူ့ကိုယ်သူ နေ့စဥ်သာမာန်လူတစ်ယောက်လိုသာ နေထိုင်ခဲ့သော်လည်း ဘယ်သူတွေကများ သူ့ကို သေစေအောင် ပစ်မှတ်ထားနေမှန်းကို မတွေးတတ်တော့ဘူး။

အဆင့်အတန်းနဲ့ အာဏာမရှိသည့်အတွက် သူသည် ဖန့်ကျွင်းရုံကို အကူအညီတောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (MM TRANSLATION)Where stories live. Discover now